အင်တာနက်က ဘ၀ပျက်စေနိုင်သည်

8April 2016 

တရုတ်နိင်ငံ ကျန်ရမ် Xiangyang မြို့ က ဟန်မြစ်အတွင်း မိမိကိုယ်မိမိ ခုန်ချ သတ်သေခဲ့တဲ့ ဆယ်ကျော်သက် မိန်းခလေး ရှောင်ရန် Xiao Yun ကို လူတွေက အမြင်ဦးသွားခဲ့ပြီး မြစ်ထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။
သူမကို ရဲစခန်းမှာ စစ်ဆေးတဲ့အခါ သူမချစ်သူအမျိုးသားက သူမကိုမချစ် နိုင်တော့ပဲ လမ်းခွဲခဲ့လို့ ပါလို ဖြေပါတယ်၊သူမမှာ ဘာမှအပြစ်မရှိဘဲ ခုလို ရုတ်တရက်အ ဆက်ဖြတ် လိုက်ပြီး လက်မထပ်နိုင်တာကို သူမ မခံစားနိုင်တော့ ဘဲ ခုလိုဆုံးဖြတ်ခဲ့ပါ တယ်တဲ့၊
သူမအဖေကတော့ သမီးရဲ့  ချစ်သူကို သဘောမကျလို့  အကြိမ်ကြိမ်ခွဲပေမယ့် သူမ ချစ်သူ က လက်ထပ်ပမယ်လို့  အကြိမ်ကြိမ် ကတိတွေပေးတာကို ယုံကြည်ခဲ့ပါတယ် ခု လည်း သူမရဲ့ အမျိုးသားကို တွေ့ အောင်၇ှာပေးပါလို့  ရဲတပ်ဖွဲ့ ကို တောင်းဆို ခဲ့ပါတယ်။
နောက်တကြိမ် ထပ်သေကြောင်းကြံမှာ မဖြစ်ရအောင် ရဲက သူမပြောတဲ့ လိုင် ဆိုတဲ့ သူကို လိုက်ရှာပေးခဲ့ကြပါတယ် ၊သူမချစ်သူကို ရဲက၇ှာတွေ့ ခဲ့ပါတယ် အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ အဖိုးအိုတဦးပါ။
အဖိုးကြီးကတော့ သူမကဖုန်းဆက်ပြီး လက်မထပ်ရင် သတ်သေပလိုက်မယ် လို့  ပြောတာကို တမင်အကြပ်ကိုင် တာ ထင်လို့ ပါလို့  ရဲစခန်းမှာထွက် ဆိုသွားပါတယ်။
ကိုကား ရှန်ဟိုင်းလစ်
Social Action for Women - SAW's Profile Photo





Powered by Blogger.