ကိုယ်တုံးလုံးအိပ်ခြင်းကဘာလို့ ကျန်းမာရေးကောင်းစေသလဲ

ညမှာ ကိုယ်တုံးလုံးချွတ်အိပ်ခြင်းဟာ ပိုပြီးသက်သောင့်သက်သာရှိစေပြီး ကုန်ကျစရိတ်လည်းနည်းပါတယ်။
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ပျော်ရွှင်မှုတွေ တိုးပွားစေပါတယ်၊ ဘာကြောင့် အဲ့ဒိလို
အိပ်တဲ့အခါ ကျန်းမာကောင်းစေသလဲဆိုတာ ဒီအချက် ၇ ချက်ကိုကြည့်လိုက်ပါ။

၁။ သင်အိပ်ပျော်တဲ့အခါ ခန္ဓာကိုယ်ဟာ အောက်သို့အိကျနေပါတယ်။ အဲ့ဒါကြောင့် သင်ဟာအ၀တ်အစား
ဝတ်ထားမယ်ဆိုရင် ခန္ဓာကိုယ်ကြီးက ပုံမှန်မဟုတ်ပဲ ဆွဲညိထားသလိုဖြစ်စေမှာပါ။

၂။ များစွားသောခန္ဓာကိုယ်ရှိပိုးမွှားငယ်တွေဟာ သင့်အိပ်ပျော်နေတဲ့အခါ ဟိုဟိုဒီဒီအကြိုအကြား လျှောက်
သွားနေတဲ့ပါတယ်။ အဲ့ဒိခါ ကိုယ်ကအ၀တ်ချွတ်အိပ်ထားတော့ ခန္ဓာကိုယ်ဟာ ပိုမိုခြောက်သွေ့သန့်စင်တဲ့အခါ
တစ်ကိုယ်ရည်ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

၃။ ပိုပြီးလည်း sexy ကျပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ကို တစ်ညလုံးဆွဲဆောင်ထားနိုင်ပါလိမ့်မယ်။ ကိုယ့်
ကိုယ်ကိုလည်း sexy ကျတဲ့အနေနဲ့ ယုံကြည်မှုရှိစေပါတယ်။

၎။ သင့်ခန္ဓာကိုယ်ဟာ လွတ်လပ်ပေါ့ပါးနေမယ်ဆိုရင် ဟိုမုန်းထုတ်လွှတ်မှုကိုလည်း ညီမျှကောင်းမွန် စေပါလိမ့်
မယ်။ အဲ့ဒါကြောင့် ကိုယ်ခန္ဓာအတွင်း ဓာတုဗေဒနည်း အတိုင်းဓာတ်ပြောင်းလဲ ဖွဲ့စည်းမှုကိုဖွံ့ဖြိုးစေပါလိမ့်မယ်။

၅။ ကိုယ်တုံးလုံးအိပ်ခြင်းဟာ လိင်ဆက်ဆံမှုကို တိုက်ရိုက်ပဲ ပိုမိုကောင်းမွန်စေပြီး လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု
ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး oxytocin တိုးပွားစေကာ
ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၆။ မနက်မှ ရေချိုးစရာတောင်မလိုပါဘူး။ အ၀တ်မ၀တ်ပဲ အိပ်ကြည့်လိုက်ပါ သင့်ခန္ဓာကိုယ်ဟာ မနက်မှာ
အဆီတွေထွက်မှု မရှိသလောက်ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။ ဘာမှဆုံးရှုံးစရာမရှိပါဘူး။ ကောင်းမွန်
တာတွေပဲတွေ့ရမှာဖြစ်ပါတယ်။

၇။ အိမ်ပြန်လာတဲ့အခါ ဖိနပ်တွေ အင်္ကျီလုံချည်တွေချွတ်လိုက်ပီး ခုတင်ပေါ်ပစ်အိပ်လိုက်ရခြင်းက အင်မ
တန်ကို အမောပြေသက်သောင့်သက်သာရှိနေမှာပါ။ အစီစဉ်တကျကြီး နေထိုင်နေရတာနဲ့စာရင်ပေါ့။
အပျင်းကြီးတယ် စည်းမရှိဖြစ်တယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် အဲ့ဒီလိုလုပ်တာက တကယ်ကို အကျိုး
ကျေးဇူးတွေရှိတယ်ဆိုတာ ၇ ချက်နဲ့တင်ပြလိုက်ရပါတယ်။

Source:Curejoy
PannPwint.com
Powered by Blogger.