ရေကိုအကျိုးရှိရှိ သောက်နည်း

ရေကိုဘယ်လောက်များများသောက်သင့်သလဲ
နှစ်ပေါင်းများစွာ ရေကိုဘယ်လိုသောက်ကြမလဲဆိုတာနဲ့ပက်သက်ပြီး လေ့လာကြရာ အကောင့်ဆုံးနည်း
လမ်းကတော့ တစ်နေ့မှာ ရှစ်ခွက်လောက်သင့်ပါတယ် ဆိုတာတွေပဲကြားနေခဲ့ရပါတယ်။ ကံမကောင်းစွာ
အဲ့ဒါဟာ တကယ်နည်းလမ်းကောင်းလို့တော့ ပြောလို့မရခဲ့ပါဘူး။ တကယ်မှာတော့ ကျွန်တော်တို့
တစ်ယောက်ချင်းစီမှာ မတူညီတဲ့ ခန္ဓာကိုယ်တစ်ဆောက်ပုံ ဘ၀နေထိုင်မှုနဲ့ ခန္ဓာကိုယ်ရေဓာတ်ပါဝင်မှုတွေ
ရှိနေပါတယ်။ ဒါကြောင့် ရေသောက်ခြင်း ( သို့မဟုတ် ) ရေဓာတ်ဖြည့်တင်းခြင်းပြုလုပ်တဲ့အခါ ဘယ်လောက်
သောက်ရမယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက်လိုအပ်သလဲဆိုတာပေါ်မှာ မူတည်ပါတယ်။

အစာစားတဲ့အခါမှာ အစာနဲ့အတူအလိုအပ်တဲ့အရည်ဓာတ်ရဖို့ရေသောက်ပေးသင့်ပါတယ်။ ရေတွေဘယ်
လောက်သောက်သောက် ခန္ဓာကို ရေကိုအစာမချေနိုင်ဘူးဆိုရင် အကျိုးမရှိနိုင်ပါဘူး။ ရေကိုအစာချေရ
တယ်ဆိုတော့ ထူးဆန်းနေမလား။ ဟုတ်ပါတယ် လည်ချောင်းကနေမျိုလိုက်တဲ့ တစုံတစ်ခုလိုပါပဲ
ရေကိုလည်းဝမ်းထဲမှာကျိုချက်လိုက်ပြီး ခန္ဓာကိုယ်ကလိုအပ်တဲ့နေရာကိုပို့ဆောင်ပေးရပါတယ်။ တခါတလေ
ရေတွေသောက်ပြီးတဲ့အခါ ဗိုက်ကြီးကယ်နေတာကို ခံစားဖူးကြမှာပါ အဲ့အချိန်အာ ခန္ဓာကိုယ်ကရေကို
ကျိုချက်ပုံစံပြောင်ပြီး အာဟာရဓာတ်အဖြစ်လိုအပ်တဲ့နေရာကို မပို့ရသေးတဲ့အချိန်ပဲဖြစ်ပါတယ်။

ဒီဟာကတော့ တကယ်အရေးကြီးတဲ့အချက်ပါ။ ကျွန်တော်တို့ခန္ဓာကိုယ်ဟာပင်လယ်မှိုလို မဟုတ်ပါဘူး။
ခန္ဓာကိုယ်ဟာ သောက်သုံးလိုက်တဲ့ရေကို ချက်ချင်းကြီးစုပ်ယူပြီး ရေဓာတ်အဖြစ် ဖန်တီးမပေးနိုင်ဘူး
ဆိုတာကို သတိပြုပါ။ ကျွန်တော်တို့ အစာတွေအများကြီးစားသလို ရေတွေအများကြီးသောက်မယ်ဆိုရင်
ပါစက၀မ်းမီးကို စိုထိုင်းသွားစေပါတယ်။ ရေကို နည်းနည်းစီသောက်ပေးတာကပဲ ၀မ်းမီးကိုနိုးထစေပါတယ်။

အရိုးရှင်းဆုံးနည်းလမ်း " ရေဘယ်လောက်များများသောက်သင့်သလဲ" ဆိုတာကတော့ ရေငတ်နေချိန်
သောက်ပေးဖို့ပါပဲ။

source:CureJoy
PannPwint.com
Powered by Blogger.