ရုပ်ရှင်ဆန်ဆန် ဓားပြတိုက်၊ ဓားစာခံခေါ်ဆောင်မှုဖြစ်ပွား | ဖတ်ရန်နှိပ်ပါ


 အသက်ခြောက်နှစ်ဝန်းကျင်ရှိတဲ့ သမီးဖြစ်သူကို ဓားထောက်ပြီး ငွေသိန်း ၅၀ တောင်းခဲ့တယ်လို့ ဆိုပါတယ်။


ကြည့်မြင်တိုင်မြို့နယ်၊ ဦလူနီလမ်း၊ အိမ်အမှတ် (၂၀) မှာ ဧပြီလ ၂၆ ရက်နေ့မနက် ၁၀ နာရီ ပတ်ဝန်းကျင်က ဓားပြတိုက်ပြီး ဓားစာခံခေါ်ဆောင်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အိမ်အမှတ် (၂၀)မှာနေထိုင်တဲ့ ဒေါက်တာဦးရွှေပြည်က ဇနီး၊ သားဖြစ်သူ၊ သမီးသော်တာအောင် အသက်ခြောက်နှစ်နဲ့ အိမ်အကူတို့ အိမ်မှာရှိနေတုန်းမှာ အမည်မသိ အမျိုးသားတစ်ဦး အိမ်ထဲကိုရောက်လာပြီး အသက်ခြောက်နှစ်ဝန်းကျင်ရှိတဲ့ သမီးဖြစ်သူကို ဓားထောက်ပြီး ငွေသိန်း ၅၀ တောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ ဒေါက်တာရွှေပြည်က သမီးငယ်ကို လွှတ်ပေးဖို့ပြောပြီး သိန်း ၅၀ ပေးလိုက်ပေမယ့် အဖေနဲ့သမီးကို ဓားနဲ့ထောက် ခြိမ်းခြောက်ပြီး ဒေါက်တာရွှေပြည်ကို ကားမောင်းခိုင်းပြီး ဓားစာခံအနေနဲ့ ခေါ်သွားတယ်လို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကျူးလွန်ခဲ့တဲ့ အမည်မသိလူက ဒေါက်တာရွှေပြည်နဲ့ သမီးကို ဟံသာဝတီလမ်းက ရွှေပ္ပလင် လက်ဖက်ရည်ဆိုင်နားမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးသွားတယ်လို့ ဒေါက်တာရွှေပြည်က ပြောပါတယ်။

လက်ရှိအချိန်မှတော့ သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး တရားခံကို ဖမ်းဆီးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ှSource : 5 Plus News
Photos :  Khin Maung Thant Facebook
Powered by Blogger.