Telenor Postpaid အသုံးပြုသူ ၂ ထောင် ခန့်ရှိ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Telenor Myanmar ၌ Postpaid (ကျသင့် ဘီလ်ကို အသုံးပြုပြီးမှပေးရသည်) စနစ်ဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူ ၂ ထောင်ခန့်ရှိသည်ဟု သိရသည်။
Telenor Myanmar သည် Postpaid စနစ်ကို ပြီးခဲ့သည့် ဇွန်လက စတင်မိတ်ဆက်ခဲ့ ခြင်း ဖြစ်ပြီး လက်ရှိအချိန်၌ အသုံးပြုသူ ၂ ထောင်ဝန်းကျင်ခန့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးအော်ပရေတာများ အနက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် Telenor Myanmar တို့က Postpaid စနစ်ကို ၀န်ဆောင်မှုပေး အပ်နေခြင်း ဖြစ်ပြီး Ooredoo Myanmar က ဝန်ဆောင်မှု ပေးအပ်ခဲ့ခြင်း မ ရှိပေ။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် Prepaid (ကြိုတင်ငွေပေး စနစ်) မစတင်ကတည်းက Postpaid စနစ်ကို စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်၌ Postpaid စနစ် အသုံးပြုသူအရေအတွက်ကို ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်း အသုံးပြုသူသည် သန်း ၃၀ ကျော်ရှိပြီး အများစုသည် Prepaid စနစ်ကို သာ အသုံးပြုခြင်း ဖြစ်သည်။
“အများစုက Prepaid ဝန်ဆောင်မှုကို ပိုမိုနှစ်သက်ကြပါတယ်။ တခြားဈေးကွက်တွေနဲ့ ယှဉ်ရင် မခြားနားပါဘူး။ သက်တမ်း ရင့်နေပြီ ဖြစ်တဲ့ ထိုင်းနဲ့ မလေး မှာ ဆိုရင်တောင် Postpaid ဝန်ဆောင်မှုကို လူအနည်းစုကပဲ အသုံးပြု တာ တွေ့ရတယ်။ သိပ်ပြီး ကြီးထွားလာတာ မတွေ့ရပါဘူး” ဟု Telenor Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Tags: 

Powered by Blogger.