၅.၅ လက်မ screen နှင့် 8MP selfie ကင်မရာ ပါဝင်သော LG Ray

LG သည် screen အရွယ်ကြီးမားပြီး တန်ဖိုးသင့်တင်သော စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
LG Ray တွင် ၅.၅ လက်မ IPS display ပါဝင်ပြီး selfie ဓာတ်ပုံများရိုက်ကူးရန် အတွက် 8MP ကင်မရာ ပါဝင်ပြီး ကျောဘက်တွင် 18MP/1080p ကင်မရာ ပါဝင်သည်။
အဆိုပါ စမတ်ဖုန်းသစ်၏ ဒီဇိုင်းသည် G4 နှင့် အလွန်ဆင်တူပြီး အထူ ၉.၃ မီလီမီတာရှိကာ ဘက်ထရီက 3,000mAh ဖြစ်သည်။
သို့ရာတွင် LG Ray ၌ ကန့်သတ်ချက်များရှိသည်။ ဖုန်း၏ screen သည် 720p resolution (267ppi) ဖြင့်သာ ဖော်ပြပေးနိုင်ပြီး LTE ကို ထောက်ပံ့ပေးထားခြင်း မရှိသောကြောင့် 3G ဖြင့်သာ အသုံးပြုနိုင်သည်။
၎င်းတွင် Android 5.1 Lollipop ကို အသုံးပြုထားပြီး Knock Code နှင့် Gesture Shot စသည့် feature များ ပါဝင်သည်။ Octa-core MediaTek MT6592 processor ကို အသုံးပြုထားပြီး RAM က 1GB ဖြစ်သည်။
LG Ray ကို ရုရှားတွင် ၂၃၂ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။
Ref: GSMArena

Tags: 

Powered by Blogger.