ဒီဇင်ဘာလထဲတွင် Mini Album ထွက်ရှိမည့်စန္ဒီမြင့်လွင်




ပရိသတ်အားပေးမှု ရရှိထားသည့် မိန်းကလေး အဆိုရှင် တစ်ဦးဖြစ်သော  စန္ဒီမြင့်လွင်သည် ပရိသတ်များအတွက်  Mini  Albumတစ်ခုထွက်ရှိရန်   ပြင်ဆင်လျက်ရှိကြောင်း၊ ယင်းအခွေမှာ  ဒီဇင်ဘာလ အတွင်းထွက်ရှိမည်ဖြစ်ပြီး  ပရိသတ်အကြိုက်  တေးသီချင်းများ ပါဝင်မည်ဖြစ်ကြောင်း ယခုလိုပြောသည်။

''Mini Album ကို လုပ်ချင်နေတာကြာပါပြီ။ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားထားပါတယ်။ ဒီဇင်ဘာလထဲမှာထွက်မှာပါ။ အခွေခေါင်းစဉ်ကိုတော့ 7D လို့ပေးထားတယ်။ ဒါပေမဲ့ အခွေခေါင်းစဉ်က ပြောင်းဖြစ်မယ်ထင်တယ်။ သေချာတော့ မပြောသေးဘူး။  သီချင်းတော်တော်များများကို  သွင်းပြီးသွားပါပြီ။ CD အရင်ဆုံး ထွက်ဖြစ်မှာပါ။

 ဒီတစ်ခေါက်သံစဉ်လေးတွေကHip Hop ပိုင်းလည်းပါမယ်။ Melody ပိုင်းလည်းပါမယ်။  အားလုံးကိုစုံအောင် လုပ်ထားတယ်။ တစ်ပုဒ်ချင်းစီကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။  ပရိသတ်ကြိုက်မယ့် သီချင်းပုံစံတွေရော  ကိုယ့်စိတ်ကြိုက် သီချင်းပုံစံတွေပါ ထည့်သွင်းထားပါတယ်''  ဟု စန္ဒီမြင့်လွင်ကပြောသည်။
Powered by Blogger.