မွန်စစ်သူကြီး ဒလပန်း နှင့် Massacre


မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် အင်းဝရာဇပလ္လင်ကို မွန်တို့ လွှမ်းမိုးပြီးနောက် ဗမာမင်းမိဖုရားနှင့်တကွ လူသူအများ ကို ဟံသာဝတီသို့ ဆောင်ယူခဲ့လေ၏။

သို့ရာတွင် ဧရာဝတီနှင့်ချင်းတွင်း တို့အကြားဒေသကို အခြေပြုထားသော ဦးအောင်ဇေယျ၏ အင်အားစုသည် ဟံသာဝတီသစ္စာပေးသည်ကို မခံယူဘဲ ထန်းလုံးတပ်ဖြင့် အခိုင်အလုံနေလေ၏။

ထိုသို့သောအခြေအနေတွင် ဟံသာဝတီပြည်ကြီး၌ တောင်ပြိုခြင်း၊ ငါးကြီးတစ်ကောင်သေ၍ ကုန်းပေါ်တင်ရာတွင် ခေါင်းပိုင်းပုပ်သော်လည်း အမြီးလှုပ်ခြင်း စသည့် နိမိတ်ဆိုးများပြလေ၏။

အကျယ်ချုပ်ကျနေသော အင်းဝဘုရင်က " နိုင်ငံအလုံးကို ဗမာတို့ပင် ပြန်လည်အုပ်ချုပ် ရမည့် နိမိတ်" ဖြစ်သည်ဟု ဖတ်သောကြောင့် မွန်မင်းလည်း ဒေါသကြီးစွာထွက်ကာ အင်းဝမင်းကို ဆွေမျိုးများနှင့်တကွ ရေမှာဖျောက်လေ၏။

သို့ရာတွင် ထိုသို့သတ်သော်လည်း ဟံသာဝတီပြည်သားတို့၏ ခြောက်ခြားစိတ်ကို မဖျောက်နိုင်ပေ။ အထူးသဖြင့် မုဆိုးဖိုအင်အားစုကို သွေးပျက်လျက်ရှိသော မွန်စစ်သူကြီး ဒလပန်းသည် ဗမာဟူသမျှကို အပြတ်ရှင်းရန် ကြံလေ၏။

ဟံသာဝတီရောက်ဗမာ တို့ကို မွန်ဆံဖြတ်စေ၏။ ထို့ပြင် ဟံသာဝတီဥပရာဇာ၏ တံဆိပ်ကို ချိပ်ဖြင့်ပြုလုပ်ကာ နားတွင်ပန်စေ၏။ ငြင်းဆန်လျှင် သတ်၏။

သန်မာရဲရင့်သော ဗမာတို့ကို တစ်ထောင်စု၊နှစ်ထောင်စု၊သုံးထောင်စု ဖွဲ့စေကာ မုတ္တမသို့ ဆားချက် လိုက်ရမည်ဟု လိမ်ခေါ်ကာ ကျီကျ ဂိုဒေါင်များတွင် ပိတ်လှောင်ကာ ရက်စက်စွာ သတ်ပစ်သည်မှာလည်း ဒလပန်းပင်ဖြစ်သည်။ အချို့ကိုမူ ပသိုချောင်းဖျားသို့ သစ်ခုတ်ဟုခေါ်ကာ သတ်ပြန်သေးသည်။

ကြောင့်အနေဖြင့် ယခုကဲ့သို့ ရှေးခေတ်က ဗမာတို့ အစုလိုက်အပြုံလိုက် အသတ်ခံရခြင်းကို ၀မ်းမြောက်ဝမ်းသာ တင်ပြလိုခြင်းမရှိပါ။ သို့ရာတွင် အချို့ တိုင်းရင်းသား အစွန်းရောက်များ၏ ရာဇ၀င်တစ်လျှောက် အမြဲလိုလို ဗမာက အဆိုး သူတို့က အကောင်း လုပ်ကာ ဖြောင့်ကွယ်ကွယ် ခြင်းတို့ကို တုံ့ပြန်လိုခြင်းမျှသာ ဖြစ်သည်။

သမိုင်းဟူသည် သမုတ္တိ ဟူသော ပါဠိမှ လာသည်။ အတိတ်ဖြစ်ရပ်များကို အောက်မေ့သတိရခြင်း ဟုအဓိပ္ပာယ်ရသည်။ သို့ကြောင့် အစွဲကင်းကင်းဖြင့် သတိရခြင်းက ပိုကောင်းမည်ဟု ကြောင်ထင်ပါကြောင်း။

(ပုံကို ယိုးဒယားဆိုဒ်တစ်ခုမှယူကာ Edit လုပ်ပြီး စာစီသူမှာကြောင်ကိုယ်တိုင်သာဖြစ်ပါကြောင်း) ~_^
 — 
ပဉ္စမံကြောင်
Powered by Blogger.