Interview မှာ လခ (Salary) နဲ.ပတ်သက်ပြီးစကားပြောရတဲ့အခါ

သင် Interview ဖြေတဲ့အခါ သင့်ကိုသင့်မျှော်မှန်းလစာဘယ်လောက်လဲ၊ ဒါမှမဟုတ် လစာနဲ.ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားတာရှိလဲ စသဖြင့်မေးတာမျိုးကြုံလာရင် နားထောင်လို.လည်းကောင်း၊ဆွေးနွေးလို.လည်း အဆင်ပြေမယ့် နမူနာစကားလေးတွေ ဝေမျှပေးလိုက်တယ်နော်.....

၁။ အတိအကျတော့ပြောလို.မရဘူးခင်ဗျ။ ပြီးခဲ့တဲ့နှစ်ကတော့ တစ်လ၀င်ငွေ ××× ကနေ ××× တော့ရှိပါတယ်။

၂။ လခကတော့ ကျွန်တော်တို. ညှိနှိုင်းလို.ရပါတယ်။ သင့်လျော်အဆင်ပြေမယ့်လခမျိုးဆိုလက်ခံနိုင်ပါတယ်။

၃။ ကျွန်တော့်ရခဲ့တဲ့အတွေ.အကြုံတွေနဲ. လုပ်ဖူးတဲ့လုပ်ငန်းတွေပေါ်မူတည်ပြီးတော့ ××× နဲ. ××× အတွင်းဆိုရင်တော့ အဆင်ပြေပါတယ်။ (သင့်အနည်းဆုံးမျှော်မှန်းလစာက သူတို.အများဆုံးပေးနိုင်တဲ့ နှုန်းမျိုးဆိုရင်တော့ပိုအဆင်ပြေပါတယ်)

၎။ ဒါကတော့ ကျွန်တော်တို.မဆွေးနွေးရသေးတဲ့ Company ရဲ.အကျိုးခံစားခွင့်တွေနဲ. တခြားအကြောင်းအရာတွေအပေါ် မူတည်ပြီးတော့စဉ်းစားရဦးမှာပါ။ လူကြီးမင်းတို.ဖက်ကရော ဘယ်လောက်ဆိုရင် အလုပ်ခန်.လို.အဆင်ပြေနိုင်တာပါလဲ ???

၅။ လစာကိုမပြောခင် ကျွန်တော်ယူရမယ့်တာဝန်တွေနဲ. လုပ်ရမယ့်အလုပ်အသေးစိတ်ကို ပြောပြပေးရင်ရော အဆင်ပြေမလား???

အဲ့လိုစကားမျိုးပြောတာက Interview မှာအဆင်ပြေနိုင်ဆုံးမို.လို.မှတ်ထားရင် သင့်အတွက်အကျိုးရှိနိုင်မှာပါ။

Wilson Chan (YK)
Powered by Blogger.