Facebook ပေါ်မှ လူအများစု မှားယွင်းရေးသားတတ်ကြသော English စကားလုံးများ

(1) Wanna + to

ကြောင့်အနေနဲ့ တချို့လူတွေက အဲ့လို wanna ကို to နဲ့ တွဲသုံးတာ မြင်တိုင်း ဖတ်ရတာ ထောက်ထောက်သွားသလို သူ့ရဲ့ English skill အပေါ်အမြင်ပါ ပြောင်းသွားပါတယ်။ တကယ်က wanna ဆိုတာ want to ရဲ့အတိုပုံစံပါ။ အဲ့ဒါကို wanna to ဆိုပြီး လုပ်ကြတော့ want to to ဖြစ်သွားမှာပေါ့နော်။ ( အတော်များများ မှားသုံးကြတာမြင်ဖူးလို့ပါ )

(2) Message / Massage

Spelling အလွဲတစ်လုံးဟာ အဓိပ္ပာယ်ပါ လုံးဝ လွဲသွားနိုင်ပါတယ်။ အချို့ ဥာဏ်ကြီးရှင်များက I'll send a massage ဆိုတာမျိုး ချတာ မြင်ဖူးပါတယ်။ Message က သတင်းစကားဖြစ်ပြီး Massage က နှိပ်နယ်ခြင်းလို့ အဓိပ္ပာယ်ရတာကြောင့် ဆင်ခြင်ကြပါကုန်။ ( ဟိုနေ့က ကြောင့် profile ထဲက ကောင်မလေးတစ်ယောက်က Messenger ကို Messager လို့ပေါင်းတာတွေ့လို့ ပြုံးမိပါသေး )

(3) Cuttie / Cutie

ဆယ်ကျော်သက်လေးတွေရော မမကြီးတွေပါ မှားသုံးတတ်ကြပါတယ်။ Cutie ကမှ ကျူတီ လို့ အသံထွက်မှာဖြစ်ပြီး Cuttie ဆိုရင်တော့ ကတ်တီ လို့ အသံထွက်ရပါလိမ့်မယ်။ ( သတိပြု ကြပါ မမလှလှတို့ tongue emoticon )

(4) Thank / Thanks

ကျေးဇူးစကားပြောရာမှာ Thank you လို့ပြောကြသူတွေရှိသလို Thanks လို့ တိုတိုပဲ ပြောကြသူတွေလည်း ရှိပါတယ်။ သတိပြုရမှာက Thanks လို့ တစ်လုံးထဲသုံးရင် s ထည့်ဖို့နဲ့ Thank you လို့ပြောရာမှာ s မလိုတာပါပဲ။ မြင်သာအောင် ပြောရရင်
-Thanks a lot ( / )
-Thank a lot ( × )
-Thank you ( / )
-Thanks you ( × )

(5) Priceless

"He is a priceless guy" ဆိုရင် အတော်များများက အဲ့ He ဆိုတဲ့ ပုဂ္ဂိုလ်က တန်ဖိုးမရှိတဲ့ကောင်ပဲလို့ တွေးမိကြမှာပါ။ ( price က တန်ဖိုး -- Less က မရှိတာ ဆိုတော့လေ ) အဲ့ဒါမှားပါတယ်။ တကယ်က priceless ဆိုတာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးမြင့်တာကို ဆိုလိုပါတယ်။

(6) Congratulations

သိကျွမ်းခင်မင်သူတွေရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုရာမှာ သုံးတဲ့စကားလုံးလေး မှန်း လူတိုင်းနီးပါး သိကြပါတယ်။ မသိတာက အဲ့စကားလုံးလေးကိုသုံးတိုင်း Congratulation လို့ပဲ ရေးရမယ်ထင်နေတာပါ။ တကယ်က အမြဲတမ်း သူ့နောက်မှာ s ထည့်ရေးပေးရပါတယ်။ Congratulations ဆိုပြီးပေါ့။ ( မယုံရင် ကြိုက်ရာ Dictionary ဖွင့်ပြီး တိုက်ကြည့်နိုင်ပါတယ်။)

( အမြင်မတော်တာလေးတွေ တွေ့လို့ ခုလို ပြောကြည့်တာပါ။ နောက်ပြီး ကြောင်က သမိုင်းရာဇ၀င်တွေသာမက အင်္ဂလိပ်စာလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိကြောင်း ပြချင်တာလည်း ပါပါတယ်။ tongue emoticon )

( အလကားစတာပါ။ မပြည့်တဲ့အိုးဘောင်ဘင်ခတ် ( Empty barrels make the most noise ) ဆိုသလို ဘာမှမသိဘဲ ၀င်ယောင်ကြည့်တာပါ။ အခုလို အချိန်ပေးပြီး ဖတ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ ) ~_^

( ပုံကို Picsay Pro ဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး စာစီသူမှာလည်း ကြောင်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း) =(^_^)=


ပဉ္စမံကြောင်
Powered by Blogger.