ခွေးမလေး ဒီဇယ် နေရာအစားထိုးဖို့ Dobrynya ဆိုတဲ့ခွေးငယ်ကို ရုရှား က ပြင်သစ်ရဲတပ်ဖွဲ့ကို ပို့ပေး

အကြမ်းဖက် သမားရဲ့ ဗုံးခွဲမှုကြောင့် သေဆုံးသွားတဲ့ ပြင်သစ်ရဲတပ်ဖွဲ့ က ခွေးမလေး ဒီဇယ်ရဲ့ နေရာကို အစား ထိုးဖို့ Dobrynya အမည်ရှိတဲ့ ဂျာမန်သိုးထိန်းခွေးလေးတကောင်ကို ရုရှား ပြည်ထဲရေးဝန်ကြီးဌာန က ပြင်သစ် ရဲတပ်ဖွဲ့ကို ပေးလိုက်ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်သမား တိုက်ဖျက်ရေး တပ်ဖွဲ့မှ ၇နှစ်အရွယ်ခွေးမလေး ဒီဇယ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓ ဟူးနေ့က ပါရီမြို့ စိန့်ဒင်းနစ် အရပ်မှာ အကြမ်းဖက်သမားများ နေထိုင်ရာ တိုက်ခန်းကို ပြင်သစ်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းစဉ် အမျိုးသမီးတဦးက အသေခံဗုံးခွဲလိုက်တာကြောင့် သေဆုံးသွားတာဖြစ်ပါတယ်။

အခု ဒီဇယ်နေရာမှာ အစားထိုးဝင်ရောက်မယ့် ဂျာမန်သိုးထိန်းခွေးလေး Dobrynya အနေနဲ့ နောင်တချိန်မှာ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့မှာ အရေးပါတဲ့ တပ်သားတယောက်ဖြစ်လာမယ်လို့ ရုရှား ပြည်ထဲရေးဌာနက ယုံကြည်နေပါတယ်။

============

The Irrawaddy (Burmese Version)
Powered by Blogger.