‘ဟားခါးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားရာ သုံးဦးသေ ငါးဦးဒဏ်ရာရ’



ဟားခါးမြို့တွင် နိုဝင်ဘာ ၂၂ ရက် ည ၁၀ နာရီခန့်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ လူသုံးဦးသေ
ဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ သီတာလမ်းရှိ အိမ်တစ်အိမ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူသုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့၍ ဒဏ်ရာရရှိသူများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း
ဒေသခံတစ်ဦးက ပြောသည်။
Powered by Blogger.