ရှေးမြန်မာဘုရင်တို့၏ လူသိနည်းသော လုပ်ရေးဆောင်တာများ

ပုဂံ၊ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင် ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံကို ပဒေသရာဇ်စနစ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ခဲ့ပြီး သက်ဦးဆံပိုင်ဘုရင်ဟာ တိုင်းပြည်ရဲ့ ဥသျှောင်အဖြစ် တာဝန်ယူပြီး စီမံခန့်ခွဲခဲ့ပါတယ်။

သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ မဆိုင်တဲ့ လုပ်ရေးဆောင်တာ အချို့ကို စုစည်းဖော်ပြလိုက်ရပါတယ်။

(၁) အိမ်သာသွားခြင်းကိစ္စ

မြန်မာဘုရင်တွေဟာ အလေးစွန့်ခြင်း ကိစ္စပြီးတဲ့အခါမှာ ကျေးလက်တောရွာသားတွေလို တုတ်ခနောင်း ကို အသုံးမပြုခဲ့ပါဘူး။
ပုဂံခေတ်ထဲက အဲ့ကိစ္စအတွက် ရေကို သက်သက်သုံးတတ်နေပါပြီ။ ( သန့်သက်ရေ ) လို့ခေါ်ပြီး အလေးစွန့်ခြင်း ၊အပေါ့စွန့်ခြင်းနှင့် မေထုန်သံဝါသကိစ္စ တို့အတွက် သီးသန့်သုံးတယ်လို့ ဆိုပါတယ်။
နောက်ပြီး ချောမွေ့တဲ့ ပိုးထည်စကိုလည်း အသုံးပြုခဲ့ပါသေးတယ်။ မင်းတုန်းမင်း အသည်းအသန်ဖြစ်နေချိန်မှာ ဆင်ဖြူမရှင်မိဖုရားကြီးက ဘုရင့်ကျန်းမာရေးအခြေအနေကို အကဲဖြတ်ဖို့ ပိုးထည်စမှာ ကပ်ပါလာတဲ့ အလေးတွေကို သေသေချာချာ ဂရုတစိုက် ကြည့်ရှုခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုပါတယ်။
"သူငယ်တော်" ဆိုတာကတော့ ဘုရင့်အိမ်သာတော်ဆေး မင်းမှုထမ်းငယ်လေးတွေကို ခေါ်တာဖြစ်ပါတယ်။

(၂) ရေချိုးခြင်း

အဲ့ခေတ်က ဆပ်ပြာမပေါ်သေးပါဘူး။ ဒါပေမယ့် မြန်မာဘုရင်တွေဟာ ကသယ်မှုန့် လို့ခေါ်တဲ့ အမှုန့်တစ်မျိုးနဲ့ ကိုယ်လက်သန့်စင်ခဲ့ကြပါတယ်။ ( ဒီနေ့ခေတ် Bath salts လိုအရာမျိုးနဲ့ နီးစပ်ပါတယ်။ ) သူ့နည်းသူ့ဟန်နဲ့တော့ ချေးတွန်းလို့ လွယ်တယ်ထင်ပါတယ်။
ကုန်းဘောင်နောက်ဆုံးမင်းဖြစ်တဲ့ သီပေါဘုရင်ရဲ့ မိဖုရားဖြစ်သူ စုဖုရားလတ် ရေချိုးတဲ့အခါမှာတော့ အပျိုတော် ငါးယောက်လောက်က ချေးတွန်းပေးရပြီး အခြားအပျိုတော်တွေကိုတော့ သူမရေချိုးနေစဉ်မှာ ဗုဒ္ဓသုတ္တန်အချို့ကို ရွတ်ဖတ်နေစေတယ်ဆိုပါတယ်။ ( ခန္ဓာငါးပါးရဲ့ မတင့်တယ်မှုတွေကို ရေချိုးနေစဉ် နှလုံးသွင်းဖို့ထင်ပါရဲ့)

(၃) ဆံပင်ညှပ်ခြင်း

ဆံပင်ညှပ်အမှုထမ်းတွေကို ဆတ္တာသည်လို့ ခေါ်ပါတယ်။ သူတို့ဟာ ဘုရင့်ခန္ဓာကိုယ်က အမွေးအမျှင် အားလုံး( ဆံပင်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်၊ကျင်စွယ်) အတွက် တာဝန်ယူရပါတယ်။
ဘုရင် ဆံပင်ညှပ်ခံတဲ့အချိန်မှာ ဓါးသမားတစ်ယောက်က ဆတ္တာသည်ရဲ့ ခေါင်းပေါ်မှာ ဓါးကို မိုးထားရပါတယ်။ ( ဆတ္တာသည်က လက်ထဲက သင်တုန်းဓါးနဲ့ ဘုရင်ကို လုပ်ကြံမှာ စိုးလို့ပါ။ )

(၄) စားတော်ဆန်

ဘုရင်စားတဲ့ မန်မန်းဟာ အခြားကျေးတော်မျိုး ကျွန်တော်မျိုးတွေနဲ့ လားလားမှ မတူစေရပါဘူး။
ဘုရင့်စားတော်ဆန်အတွက် သီးသန့် လယ်တော်ရှိပါတယ်။ အဲ့လယ်တော်က ရိတ်သိမ်းလာတဲ့ စပါးတွေကို နံ့သာပြောင်းတွေ သုတ်လိမ်းထားတဲ့ စပါးကျီထဲမှာ သိုလှောင်ပါတယ်။
ကြိတ်ပြီးသား ဆန်တော် ထဲက စပါးလုံး တွေကို ရွေးတဲ့အခါမှာတော့ ရွှေဇာဂနာကို သုံးရတယ်ဆိုပါတယ်။

အထက်ပါ အချက်အလက်တွေကို ကြောင်ကိုယ်တိုင် ဦးကုလားရာဇ၀င်၊တွင်းသင်းရာဇ၀င်တွေနဲ့ ချိန်ထိုးပြီး စုစည်းထားတာလို့ Reliable ဖြစ်ကြောင်း အာမခံပါတယ်။
ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ =^_^=
Powered by Blogger.