စစ်ရေယာဉ် မေယု လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား

ဂျပန်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်အင်အားစုများ၏ ထိုးစစ်ဒဏ်ကို မခံနိုင်သဖြင့် ဗြိတိသျှအစိုးရ သည် အိန္ဒိယပြည်သို့ ဆုတ်ခွာခဲ့ရာ BRNVR သည်လည်း သယ်ယူနိုင်သမျှ ပစ္စည်းများသယ်ဆောင်ကာ စု စည်းရနိုင်သမျှသော အင်အားနှင့်အတူ အိန္ဒိယပြည်သို့ ရေကြောင်း၊ ကုန်ကြောင်း၊ လေကြောင်း အလျဉ်း သင့်သလို ဆုတ်ခွာခဲ့ရသည်။

အိန္ဒိယပြည်သို့ အရာရှိနှင့် စစ်သည်အင်အား ၁၀၀ ခန့်လိုက်ပါသွားခဲ့ပြီး မာတာပင်မြို့တွင် စခန်းချကာ ပြန် လည်ဖွဲ့စည်း၍ ပြန်လည်ထိုးစစ်မဆင်မချင်း လေ့ကျင့်မှုများ ဆက်လက်လုက်ဆောင်ခဲ့သည်။ BRNVR သည် အိန္ဒိယပြည်တွင် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ လေ့ကျင့်ရေးနှင့် ကင်းလှည့် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ မြန်မာပြည်အား ပြန်လည်ထိုးစစ်နှင့် ဖက်ဆစ်တော်လှန်ရေးတွင် တစ်တပ် တစ်အား ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ်၊ မေလတွင် မြန်မာပြည်၊ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကာ ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်ခဲ့ သည်။ အိန္ဒိယပြည်သို့ ဆုတ်ခွာစဉ်က ကျန်ရစ်ခဲ့သော အရာရှိနှင့် အရာရှိမဟုတ်သူများကို ပြန်လည်စု စည်း၍ မြစ်တွင်းနှင့် ကမ်းရိုးတန်း စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်သည်။ထိုစဉ်က ဗမာပြည် ဘု ရင့်အပျော်တမ်း အရန်ရေတပ်တွင် အင်အား ၁၅၀၀ ခန့် ရှိခဲ့ပါသည်။

ဂျပန်လက်အောက်၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို အမြဲတမ်းတပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် အသေးစိတ်ဆွေးနွေးကြစဉ် မြန်မာပြည်ကာကွယ်ရေးအတွက် ဗမာ့လွတ်လပ်ရေး ရေတပ်မတော် (B.I.N) ကိုပါ ဖွဲ့စည်းရန် စီမံခဲ့သည်။ ရေတပ်သားဟောင်းများကို ပြန်လည်စုစည်းခဲ့ပြီး အရာရှိ ၆ ဦး၊အခြားအဆင့် ၂၄ဦး ဖြင့် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး ရေတပ်မတော်ကို စတင်မွေးဖွားပေးခဲ့ သည်။ ချက်ချင်းပင် ဂျပန်ရေတပ်က သင်တန်းပေးပြီး သင်္ဘောငယ်များဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန် မာ့ရေပြင် ကာကွယ်ရေးကို တာဝန်ယူခဲ့ရသည်။

ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်သည် ၁၉၄၅ ခုနှစ်၊ ဇန်န၀ါရီလဆန်း၌ မဟာမိတ်တပ်ပေါင်းစု၏ မြန်မာပြည် ပြန်လည်ထိုးစစ်ကြီးနှင့်အတူ ပါဝင်ခဲ့ပြီး မေလ ၃ရက်နေ့တွင် ရန်ကုန်မြို့ကြီးအား ရေကြောင်းမှ ၀င်ရောက်သိမ်းပိုက်ခဲ့ရာ ကြည်းကြောင်းထက် နှစ်ပတ်ခန့်စောပြီး အောင်မြင်မှုရခဲ့သည်။ထိုရေကြောင်းချီစစ်ကြောင်းတွင် BRNVR အရာရှိ ၄၅ဦး နှင့် အခြားအဆင့် ၃၅၉ ဦး တို့သည် Fair mile ML ၉ စီးနှင့်အတူတကွ ပါဝင်ရောက်ရှိခဲ့သည်။ BRNVR ကို ပြန်လည် အားဖြည့်ဖွဲ့စည်းရန် စစ်သည်စုေ ဆာင်းရာ ရက်သတ္တပတ် အနည်းငယ်အတွင်း လူအင်အား ၁၅၀၀ ကျော်မျှ လာရောက်လျှောက်ထားခဲ့ သည်။ ရေယာဉ်အင်အားအနေဖြင့် Fair mile ရေယာဉ်စု တစ်ခုနှင့်အတူ HDML ၁၃စီး ကို ဗြတိသျှရေတပ် မှ လွှဲပြောင်းပေး၍ စစ်ရေယာဉ်အစင်း ၃၀ အထိ ဖြစ်လာခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်အား အရာရှိ ၇၄ ဦးနှင့် အခြားအဆင့် ၇၆၃ ဦးတို့ဖြင့် အမြဲတမ်းရေတပ်တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီမံချက် ရေးဆွဲခဲ့သည်။ စီမံချက် တွင် ပြန်လည်ဖွဲ့စည်းမည့် ရေတပ်၌ ဖရီဂိတ်အမျိုးအစားရေယာဉ် ၂ စီးနှင့် HDML ၁၃ စီး ပါဝင်ရ မည်ဟု ထည့်သွင်းခဲ့သည်။ Fair mile ရေယာဉ်များမှာ အိုမင်း ဟောင်းနွမ်းနေပြီဖြစ်၍ တပ်တော်ဝင်စာ ရင်းမှ ဖျက်သိမ်းပြီး ဖရီဂိတ်များ အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးဖရီဂိတ် Frigate ရေ ယာဉ်ဖြစ်သည့် H.M.S Fal ကို ၁၉၄၇ ခုနှစ်၊ မေလ၂၅ ရက်နေ့တွင် ရန်ကုန်မြစ်လယ်တွင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက်လက်ခံခဲ့သည်။ ထိုစဉ်က မြန်မာပြည် အစိုးရ ဒုတိယသဘာပတိအဖြစ် ဗိုလ်ချုပ် အောင်ဆန်းက Fal သင်္ဘောမှာ စစ်အတွင်းက အမှုထမ်း ခဲ့သည့် အပြင် ရခိုင်ပြည်မေယု မြစ်တလျှောက် မြန်မာ့တပ်မတော်သားများ ဂျပန်တို့အား နှိမ်နင်းခဲ့သည်ကို မမေ့နို င်သည့်အတွက် နာမည်ထင်ရှားစေရန် မေယု ဟု အမည်ပြောင်းလိုက်ကြောင်း၊ ထို့အတွက် မိမိသည် မြန်မာ လူမျိုးအနေဖြင့် ဂုဏ်ယူကြောင်းဖြင့် အခမ်းအနား၌ မိန့်ကြားခဲ့သည်။ စစ်ရေယာဉ်မေယု လွှဲပြောင်း လက်ခံ စဉ်က မြန်မာအမျိုးသားထဲမှ ပထမဦးဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူး ခင်မောင်ဘိုဖြစ်သည်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို ၂၄-၁၂-၄၇ ရက်နေ့တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အ ရန်ရေတပ်အား “ဗမာ့ရေတပ်မတော်” အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ရေတပ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ေ နသော ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုသည် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ် ဦးစီးချုပ် အဖြစ်ဆောင်ရွက်နေသော အင်္ဂလိပ်ဗိုလ်မှူးကြီး ကေအက်စ်လိုင်းထံမှ လွှဲပြောင်း လက်ခံခဲ့သည်။ ဒုတိ ယ ဗိုလ်မှူးကြီး ခင်မောင်ဘိုသည် ၁၉၄၅ ခု နှစ်ဆန်း၌ုမြန်မာပြည်အား ပြန်လည်ထိုးစစ်ဆင်ချိန် ရခိုင်ပြည် မေ ယုမြစ်ဝှမ်း၌ စစ်ရေးစွမ်းဆောင်မှု များစွာရှိခဲ့သူ ဖြစ်သည်။

လွှဲပြောင်းလက်ခံရာ၌ စစ်သည်အင်အား၊ ရေယာဉ်အင်အား၊ လက်နက်အင်အား အစရှိသည်တို့ပါဝင်ရာ စစ်ရေယာဉ် မေယု နှင့် တိုက်ရေယာဉ် ၁၂ စီးသာ လွှဲပြောင်းပေးခဲ့၏။ ကျန်တိုက်ရေယာဉ်များကိုမှု အိုမင်း ယိုယွင်း ပျက်စီးနေသည်ဟု အကြောင်းပြလျက် လွှဲပြောင်းပေးအပ်ရာ၌ မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့၏။ လက်ခံရရှိသောတိုက်ရေယာဉ်များဖြစ်သည့် Harbour Defence Motor Launches (HDMLs) များကို နောင်တွင် Motor Gun Boats (MGBs) များအဖြစ်သတ်မှတ်ခဲ့သည်။ လူအင်အားအနေဖြင့် နူတ်ထွက်ခွင့် များ ပေးလိုက်၍ စစ်သည် ၄၀၀ ကျော် ၅၀၀ ခန့်သာ ကျန်ခဲ့ပေသည်။ 

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှု အခြေအနေဆိုးများကြောင့် ဗမာ့ ရေတပ်မတော်အနေဖြင့် စစ်သည်စုဆောင်းခြင်း၊ ရေယာဉ်တိုးချဲ့ခြင်း ၊ ကမ်းတက်တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းခြင်း၊ ရေယာဉ်ငယ်များအား လက်နက်ငယ်များ တပ်ဆင်ခြင်း စသည်တို့ကို ဒေသန္တရ အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ကြိုးပမ်းခဲ့ရသည်။

ဗမာ့ ရေတပ်မတော်အနေဖြင့် ပထမဆုံးဆင်နွှဲရသော စစ်ဆင်ရေးမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံနယ် တ၀ိုက်၌ ထကြွနေသော ကွန်မြူနစ် သောင်းကျန်းသူများအား ဗမာ့တပ်မတော်နှင့် ပူးပေါင်းလျက် နှိမ်နင်းေ သာတိုက် ပွဲဖြစ်သည်။ ဒုတိယစစ်ဆင်ရေးတာဝန်မှာ ပဲခူးနယ်တစ်ဝိုက် က၀၊ ခရမ်း၊ မြစ်ကျိုး၊ အပြောင်ရွာ များ တွင် U.B ရေယာဉ်များပေါ် အော်လီကွန် စက်အမြောက် တင်လျက် ကွန်မြူနစ်သောင်းကျန်းသူများ အား ချေမှုန်းသော တိုက်ပွဲဖြစ်သည်။ တဖန် မန္တလေးနှင့် သရက်မြို့ကို အခြေပြုလျက် မြန်မာပြည်မြောက် ပိုင်းနှင့် အလယ်ပိုင်းများတွင် ကွန်မြူနစ် နှိမ်နင်းရေးများ လုပ်ရသည့်အပြင် ရခိုင်ပြည်နယ်တ၀ိုက် သောင်း ကျန်းနေသော ကွန်မြူနစ်များကို တိုက်ခိုက်ခဲ့ပါသည်။

ထိုအချိန်တွင် ဗမာ့ ရေတပ်မတော်၌ စစ်သည်အင်အား ၂၀၀၀ ခန့်ရှိ၍ စစ်ရေယာဉ်အင်အား အနေနှင့် တိုက်ရေယာဉ်များ၊ မြစ်တွင်း တိုက်ရေယာဉ်နှင့် နှစ်ထပ်သင်္ဘောများ၊ လက်နက်တပ်ဆင်ထားသော U.B တိုက်ရေယာဉ်များနှင့် ကမ်းတက်တပ်များ ရှိနေပါသည်။ ပြည်တွင်းသောင်းကျန်းမှုကို လက်နက်ကြီးများ နှင့်အတူ ရှေ့တန်းမှနေ၍ ကြည်းတပ်၊ လေတပ်တို့နှင့် ပူးပေါင်းလျက် တိုက်ခိုက် ဖြိုခွင်းခဲ့ကြသည်။ရေေ ကြာင်းနှင့် ပတ်သတ်၍ မြစ်ကြောင်းပိတ်ဆို့ရှင်းလင်းမှုများ၊ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး လမ်းကြောင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြရသည်။ ကြည်းကြောင်း စစ်ဆင်ရေးများ တွင် ၄၀ မမ အမြောက်များ၊ ၂၀ မမ အမြောက်များကို ဘီးတပ်ယာဉ်များတွင် တပ်ဆင်လျက် ရန်သူများ အား တစ်ဖက်တစ်လမ်းမှ ဖြိုခွင်းခဲ့သည်။ ထို့အပြင် ပြည်တွင်း/ ပြည်ပ ခဲယမ်းမီးကျောက် သယ်ယူပို့ေ ဆာင်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ 

လွတ်လပ်ရေးရပြီးခေတ် ရေတပ်ကို အဘက်ဘက်မှ ကျားကန်တည်ဆောက်ခဲ့၇ာ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင် ဗမာ့ ရေတပ်မတော်သည် အင်အားအရ လည်းကောင်း၊ အတွေ့အကြုံအရ လည်းကောင်း များစွာ တိုးတက်ခိုင်မာလာခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှု များသည် နိုင်ငံတစ်ဝှမ်းလုံး ပေါ်ပေါက်ခဲ့ရာ ရေတပ်သည် တပ်မတော်(ကြည်း)နှင့် ပူးပေါင်းလျက် တစ်ဘက် တစ်လမ်းမှ တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပါသည်။ မြစ်ဝကျွန်းပေါ် တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်း တိုက်ပွဲများနှင့် တနင်္သာရီကမ်းရိုးတန်း များစွာကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါသည်။

Myanmar Navy
Powered by Blogger.