မြေပဲစားမှ အားရှိ


ပြီးခဲ့သည့် အပတ်က မြန်မာပြည်ကို ခရီးထွက်ခဲ့ရာ၌ ပုဂံနှင့် ပုပ္ပားအကြား လမ်းပေါ်မှာ ကျွန်မ က ကားကို ရပ်ပြီး မြေပဲတောင်သူ တွေနှင့် တွေ့ဆုံခဲ့သည်။ ထိုနေ့ မတိုင်မီ ကျွန်မက ဈေးဆိုင်ပိုင် ရှင်တစ်ဦးနှင့် စကားစပ်မိပြီး မြေပဲရာသီအကြောင်းမေးတော့ သူက ‘‘ရာသီကုန်သွားပြီ။ သူ့ရာ သီက ဆောင်းဦးလောက်အထိပဲ’’ ဟု ကျွန်မကိုပြောပြသည်။

ကားလမ်းဘေးက အခင်း တွေထဲမှာ မြေပဲပင်အပုံတွေ က အခြောက်လှော် ထားသလို ခြောက်သွေ့နေသည်။ ထို့ကြောင့်ယာခင်းများထဲမှာပဲ တောင်သူ အမျိုးသမီးများကို တွေ့ရမည်ဟု ကျွန်မက မမျှော်မှန်း ထားခဲ့ပါ။ သို့သော်လည်း သူတို့ကို တွေ့ခဲ့ရပါသည်။ သူတို့ကခမောက်တွေ ကိုဆောင်းကာ မြေကြီးထဲက မြေပဲတွေကို နုတ်နေကြပါသည်။ မြေ ပဲရာသီမဟုတ်တော့သော်လည်း မြေပဲနုတ်ခြင်းကတော့ ရပ်နားသေးဟန်မတူပါ။ အခြားကမ္ဘာ ပေါ်က ကျေးလက်ဒေသတွေလိုပင် အမျိုးသမီးလယ်လုပ်သားတွေကို အစုလိုက်တွေ့ရတာ မြန်မာမှာတော့ အဆန်းတကြယ်မဟုတ် ပါ။ အာရှတွင် စားသောက်ကုန် ထက်ဝက်လောက်ကို အမျိုးသမီး များက စိုက်ပျိုးသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက ခန့် မှန်းထားသည်။

မြေပဲနုတ်ခြင်းသည် နံနက် စောစောကနေ နေ့လယ်စာစား ချိန်အထိ လုပ်ရသော အလုပ်မျိုး ဖြစ်သည်။ နေက ခန္ဓာကိုယ်ကို အပူရှိန်မလောင်မီ တတ်နိုင်သမျှနုတ်ကြရသည်။ မြန်မာတွင် စိုက် ပျိုးသမျှ မြေပဲများ၏ ၆၀ ရာခိုင် နှုန်းကို ပဲဆီကြိတ်ကြသည်။ ကျန် တာတွေကိုတော့ ပြည်တွင်းဈေး ကွက်တွေမှာ ရောင်းချကြသည်။
တကယ်တမ်းတွင် အနောက်နိုင်ငံတွေမှာ စားကြသော မြေပဲ ထောပတ်နှင့် ယှဉ်ပြီး မြန်မာနိုင်ငံ မှာ ပြောလို့မရ။ အမေရိကန်မြေပဲ ကောင်စီ၏ ပြောကြားချက်အရ အမေရိကန်တွင် မြေပဲကို ပြည် တွင်းမှာ အတော်ကြာအောင်လူ တွေက သိပ်မကြိုက်ကြဟုဆို သည်။

အဘယ်ကြောင့်ဆိုသော် လူတွေက မြေပဲကို ဆင်းရဲသား တွေအတွက်လို့ ထင်ခဲ့ကြသည့် အတွက်ဖြစ်သည်။ သို့သော်မြေပဲ ထောပတ်ကိုမူ လူတွေက လက်ခံ သဘောကျလာခဲ့သည်။ ယခုအ ချိန်တွင် အမေရိကန်များသည် သူတို့အထက်တန်းကျောင်းပြီး သည့်အရွယ်အထိ အနည်းဆုံး ပျမ်းမျှမြေပဲထောပတ်ဆင်းဒွတ် အခု ၁,၅၀၀ လောက်တော့ စား ထားသည့်သူများဖြစ်လာကြပြီ။ မြန်မာမှာ မြေပဲထောပတ် ဆင်းဒွတ်ကို စားသည့် နေရာ မဟုတ်သော်လည်း မြေပဲကိုတော့ ကြိုက်ကြသည်။ သမိုင်းကြောင်း တွေအရ မြေပဲသည် တောင် အမေရိကတိုက်က မူလဇာစ်မြစ် ဖြစ်ပြီး စပိန်စွန့်စားခရီးသွားသူ တွေမှတစ်ဆင့် အာရှသို့ ပျံ့နှံ့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာမှာတော့ မြေပဲကို ခေါက်ဆွဲထဲမှာလည်း ထည့်စား သည်။ အသုပ်ထဲလည်းထည့် သည်။ ဟင်းချိုထဲလည်း ထည့်သ လို လှော်ပြီးတော့လည်း သရေ စာအဖြစ် စားကြသည်။ အများစု ကိုမူ ဆီအဖြစ် ကြိတ်ကြသည်။ မြန်မာအစားအစာနှင့် ခရီးသွား ဆောင်းပါးစာရေးဆရာမ မသိင်္ဂီ က ‘‘ကျွန်မတို့က မြေပဲဆီကို အတော်သုံးပါတယ်။ မြေပဲကို လှော်ထောင်းပြီး အရွက်သုပ်တို့၊ ခရမ်းချဉ်သီးသုပ်တို့မှာ ထည့် တယ်။ ပြီးတော့ အခွံနဲ့ ပြုတ်ပြီး တော့လည်း စားတယ်။ အဲဒါက အရမ်းချိုတယ်။ အသုပ်အများစု က ပုစွန်ခြောက်ကို ထောင်းပြီး အမှုန့်ထည့်တယ်။ သက်သတ် လွတ်ဆိုရင်တော့ မြေပဲကို အစား ထိုးသုံးတယ်’’ဟု ရှင်းပြသည်။ သို့ သော်လည်း မြေပဲနှင့် ဓာတ်မ တည့်သူ သက်သတ်လွတ်သမား တွေအတွက်ကတော့ သိပ်အဆင် မပြေလှပါ။

မြန်မာနိုင်ငံ၏ အဓိကဆီ ထွက်သီးနှံများမှာ နှမ်းနှင့် မြေပဲ ဖြစ်သည်။ မြေပဲကိုမူ အသုပ်မျိုး စုံနှင့် အကြော်တွေကြော်ရာမှာ ပို သုံးကြသည်။ (အမှန်တော့ မြေပဲ ဆီသည် မီးခိုးထွက်အားမြင့်မှု ကြောင့် လေထုထဲက လေ၀င်မှု ကို ကန့်သတ်ထားရသော ရေငုပ် သင်္ဘောလိုနေရာမျိုးတွင် ချက် ပြုတ်ဖို့အတွက် သုံးကြသည်) ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံ၏ ကျေး လက်ဒေသစီးပွားရေးအတွက် ဆီထက် အရေးကြီးသည့် ကောက်ပဲသီးနှံမှာ ဆန်ဖြစ်သည်ဟု ဆို သည်။

မြန်မာမှာတော့ ဟင်းဆို ဆီများလေ ကောင်းလေဟု ယူဆ ကြသည်။ မီမီခိုင်၏ မြန်မာဟင်း ချက်နည်းစာအုပ်ထဲတွင် ကြက် သားဟင်း၌ သုံးပေါင်ခန့်မရှိတရှိ ကြက်သားအတွက် ဆီကိုခွက်၏ သုံးပုံတစ်ပုံခန့် ထည့်ခိုင်းသည်။ သည်ပမာဏ တကယ့်ကို အဆ မတန်အများကြီးဖြစ်ပါသည်။
‘‘သည်ဟင်းချက်နည်းတွေ မှာဆီက မြန်မာပုံစံအတိုင်းပေး ထားတာပါ။ တခြားလူမျိုးတွေ အတွက်တော့ ဆီအများကြီးပေါ့။ ဒါပေမဲ့ ဒီလိုဆီပြန်ပုံစံက မြန်မာ မှာ စားကြတဲ့ ပုံစံပါပဲ’’ဟု စာရေး သူခိုင်ကဆိုသည်။ ပဲဆီကို တန်ဖိုး ထားစွာ စားသုံးကြသည့်အတွက် မြေပဲစိုက်ပျိုးမှုသည် မြန်မာတွင် ၂၀၀၉ က ဧက ၁ ဒသမ ၈ သန်း အထိရှိသည်။

မြေပဲခင်းတွေကနေ လမ်း အတိုင်း ကျွန်မဆက်ဆင်းသွားခဲ့ ရာ သူတို့၏ မြေယာတွေကို ထန်း လျက်၊ နှမ်းနှင့် မြေပဲဆီထုတ်သူ တွေကို ငှားထားသည့် မိသားစု တစ်စုနှင့် တွေ့ပါသည်။ မြေပဲဆီရရန် ဆီဆုံမှာ နွားနှင့် လှည့်ပြီး ဆီကြိတ်ရသည့် မြေပဲလေးကီလို ခန့်ကို ၂ နာရီ လောက်ကြိတ်ပါသည်။ ထိုအခါ မြေပဲဆီ နှစ်လီတာခန့်ထွက်ရှိပြီး ကျန်သောပဲဖတ်ကို တိရစ္ဆာန်များကို ကျွေးကြသည်။

သည်အလုပ်က သိပ်အကြီး အကျယ်တော့ မဟုတ်။ မြေပဲဆီ အများအပြားကိုမူ စက်ဖြင့် ကြိတ် ယူကြပြီး ဆီဆုံကတော့ ကျေး လက်တွေမှာပဲ အသုံးများကြ သည်။ ဆီဆုံက ကြိတ်တာနှေး သော်လည်း ဆုံက ထွက်သော ဆီကို အဆင့်မြင့်အရည်အသွေးအ ကောင်းဆုံး ပဲဆီဟု ယူဆကြ သည်။ ပဲဆီက မြန်မာမှာ လူကြိုက်များသည့်အတွက် ဈေးကလည်း ကြီးလှသည်။ မကြာသေးမီနှစ် များက မြန်မာသည် မလေးရှားနှင့် အင်ဒိုနီးရှားက စားအုန်းဆီများကို စတင်တင်သွင်းလာခဲ့သည်။ စား အုန်းဆီက ဈေးချိုသဖြင့် လူသုံး များသော်လည်း မြန်မာထုံးစံ အတိုင်း မြေပဲဆီကိုသာ လူတွေ က ပိုကြိုက်၊ ပိုနှစ်သက်နေဆဲဖြစ် ပါသည်။

ယခင်တုန်းက မြေပဲဆိုတာ အမေရိကမှာ ဈေးချိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် လုပ်ခနည်း နည်းဖြင့် လုပ်ရသည့်အလုပ်မျိုး ကို မြေပဲဖိုးလောက်ဖြင့် လုပ်ရ သည်ဟု တင်စားပြောကြသည်။ ယခုမြန်မာမှာတော့ မြေပဲက ဈေး မပေါတော့ပါ။ စားအုန်းဆီကသာ ဈေးပေါပါသည်။ ထို့ကြောင့် မြေပဲနေရာမှာ စားအုန်းဆီဖိုးမျှ လောက်အတွက်သာ လုပ်ကြ သည်ဟု ဆိုရိုးစကားကို ပြောင်း လဲပြောရတော့မည်ထင်ပါသည်။

(ခရီးသွားစာရေးဆရာမ Sasha Gora ၏ Myanmar is powered by peanuts ခရီးသွားဆောင်းပါး ကို ထားထားမြင့် ဘာသာပြန် ဆိုထားသည်။)

Powered by Blogger.