မိန်းကလေး များ ရဲ့ အသည်းစွဲ လီမင်ဟို ရဲ့ ကိုယ်ရေးအကျဉ်း



Add caption

ကိုရီးယား လောကမှာတော့ လီမင်ဟိုကို
စွယ်စုံရ အနုပညာ ရှင်တစ်ဦး လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့နာမည်က လီမင်ဟို (Lee Min Ho ) ဖြစ်ပြီး တော့ ၁၉၈၇ ခုနှစ် ဇွန် ၂၂ရက်နေ့မှာ တောင်ကိုရီးယား ဆိုးလ်မြို့မှာ မွေးဖွားခဲ့တယ် လို့သိရပါတယ်။ သူ့ရဲ့မျိုးရိုးအမည်က လီ (Lee) ဖြစ်ပြီးတော့
သူက Konkuk တက္ကသိုလ် ကနေပြီးတော့ ဝိဇ္ဇာ ဘွဲ့(အနုပညာ နဲ့ရုပ်ရှင်) ဘွဲ့ကိုရရှိထားသူပါ။ လီမင်ဟိုက Boy over Flowers (2009) City Hunter (2011) Faith (2012) The Heirs (2013) စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် ကြားရေပန်းစား အောင်မြင်လာတဲ့ကိုရီးယား ထိပ်တန်း မင်းသား တစ်ယောက်ပါ။ ဆုပေါင်း ၃၅ ခုရရှိ ထား တဲ့ လီမင်ဟိုက ကိုယ်အလေးချိန် ၆၈ကီလိုဂရမ် ရှိပြီးတော့
အရပ် ခြောက်ပေ ၁ လက်မ ခွဲ ရှိတယ် လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်မေ လမှာ သူ့ရဲ့ တစ်ကိုယ်တော် album ထွက်ရှိခဲ့ပြီး အာရှ မြို့တော်တွေမှာ ပျံ့နှံ့ ကျော်ကြားခဲ့ပါတယ်။

Powered by Blogger.