ငါနင့်ရဲ့  ဂရုစိုက်မှူကို လိုချင်တဲ့ အချိန် နင်ငါ့ကို ဂရုစိုက်မှူ မပေးနိုင်ဘူး

ငါနင့်ရဲ့  ဂရုစိုက်မှူကို လိုချင်တဲ့ အချိန်
နင်ငါ့ကို ဂရုစိုက်မှူ မပေးနိုင်ဘူး ( မအားလို့ တဲ့)

ညနက်ကြီး နင့်ကို ဖုန်းခေါ်ပြီး နင့်အသံကြားချင်တဲ့ အချိန်
နင်ငါ့ကို ဖုန်းမပြောဘူး ( အိပ်ချင်လို့ တဲ့ )

ငါနင့်ကို ရန်မရှိ ရန်ရှာတယ် ( ငါ့ဘဝမှာ အလိုချင်ဆုံးအရာက နင်နဲ့ စကားပြောရင်း အချိန်တွေကို ကုန်သွားစေချင်တာပါ )
ငါဟာ အရမ်းစပ်စုတဲ့ သူလို့  နင်ပြောခဲ့တယ်။

နင့်ကြောင့် ငါအကြိမ်ပေါင်းများစွာ ငိုခဲ့ဖူးတယ်
ဒါပေမဲ့ နင့်ရှေ့ မှာ ငါကြိုးစားပြီး အမြဲတမ်း ပြုံပေးခဲ့တယ်။

နင်ငါ့အသဲကို အကြိမ်ပေါင်းများစွာ ခွဲခဲ့ပေမဲ့လည်း
ငါနင့်ကို ဖြူစင်ပြီး မပြောင်းလဲ နိုင်တဲ့ အချစ်နဲ့  ချစ်ခဲ့တယ်။

တစ်နေ့ တော့ နင်သိလာမှာပါ ငါနင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာ
နင့်ကို ငါဘယ်လောက်ချစ်တယ်ဆိုတာ သိလာတဲ့ အချိန် နင်နောင်တ မရပါစေနဲ့  လို့  ငါဆုတောင်းပေးတယ်......။

#သူငယ်ချင်း
Powered by Blogger.