အသားအရေလှပခြင်းအတွက် ဆန်ဆေးရည်

ဆန်ဆေးရည်ကို လူသားတွေဟာ ရှေးယခင်ကတည်းက ဆေးအမျိုးမျိုးအတွက် အသုံးပြုလာခဲ့ကြတာကို ဆေးမှတ်တမ်းများမှာ ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။ အထူးသဖြင့် ၀မ်းရောဂါအမျိုးမျိုးအတွက်၊ ဆံပင်အတွက်၊ အသားအရေအတွက်တို့ ဖြစ်ကြပါတယ်။
ဆံပင်အတွက် ဆန်ဆေးရည်၏ ကောင်းကျိုးများကို ယခင်ပတ်က ရေးသားမျှဝေပြီးဖြစ်လို့ ဒီတစ်ခါမှာတော့ အသားအရေလှပရန်အတွက် အသုံးပြုပုံများကို ထပ်မံမျှဝေပေးပါဦးမည်။
(၁) ၀က်ခြံနှင့် အမဲစက်များ ပျောက်ကင်းစေရန် ဆန်ဆေးရည်ဖြင့် မကြာခဏ မျက်နှာသစ်ပေးပါ။ ဆန်ဆေးရည်မှာ ပါဝင်တဲ့ဓါတ်တွေကြောင့် အရေပြားပေါ်မှ ၀က်ခြံဖြစ်စေမည့် အညစ်အကြေးများကို ရှင်းလင်းဖယ်ရှားပေးမည်။
(၂) နေလောင်ဒဏ်နှင့် အသားအရေ မလှမပဖြစ်ခြင်းများ ပျောက်ကင်းစေရန် ဆန်ဆေးရည်ထဲကို ခရမ်းချဉ်သီးရည်ညစ်ထည့်၍ အရေပြားပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ကြာလျှင် ရေချိုးသန့်စင်ပေးနိုင်ပါတယ်။
(၃) နှာခေါင်းပေါ်မှ ဆားဝက်ခြံများပျောက်ကင်းစေရန် ဆန်ဆေးရည်ကို ခပ်နွေးနွေးလေးလုပ်ပြီး မျက်နှာသစ်ပေးပါ။ မျက်နှာပေါ်မှာ အရည်များ ခန်းခြောက်တဲ့အထိ ခဏထားပြီးမှ အ၀တ်သန့်သန့်(စနိုးတာဝါတို့လိုဟာ)ဖြင့် ဖြေးညင်းစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် PRAEL Skincare ကို လိမ်းပေးထားပါ။
(၄) အသားအရေလှပစေရန် ရေချိုးခါနီးတွင် ဆန်ဆေးရည်ကို လက်၊ မျက်နှာ၊ လည်ပင်း၊ ခြေထောက်တို့ကို နှံ့နေအောင် သုတ်လိမ်းထားပြီးမှ သွားတိုက်၊ အ၀တ်လျှော် စသည်တို့လုပ်ပါ။ ပြီးမှ ရေချိုးလိုက်ပါ။ အသားမရေများ တင်းရင်းပြီး ဖြူဖွေးလှပလာစေမည်။
(အမှာ) - ဆန်းဆေးရည်ကို တစ်ပတ်အတွင်း ၃ ကြိမ် သို့ ၄ ကြိမ်ခန့် အသုံးပြုပြီးနိုင်သော်လည်း နေ့စဉ်တော့ အသုံးမပြုသင့်ပါ။ အလွန်အကျွံသုံးပါက အရေပြားပေါ်မှ ရှိသင့်သည့်အဆီဓါတ်များ ခန်းခြောက်သွားစေနိုင်ပါသည်။ မည်သည့်အရာမဆို လွန်ဘေးတန်ဆးဆိုတာကို သတိရပါ။
ဖြူစင်ဝင်းပသော အသားအရေအလှကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - မြန်မာ့ရိုးရာဆေးနည်းကောင်းများ
Saw Noi Nay Saing - Putao
ကျန်းမာရေးသတင်းများ
Powered by Blogger.