ဗဟန်းမြို့နယ်ကအနှိတ်စက်ခံကလေး ရဲ့အဖြစ်မှန်

ဒီအမှု့ကိုပြည်သူအများစိတ်ဝင်စားနေကြပါတယ်။ဒီအမှု့ဖြစ်စဉ်ရဲ့အစကတော့facebook အသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက သူရဲ့လူမှုကွန်ယက်အကောင့်ကနေ ကလေးငယ် မစုဝေ ကိုကြိုးတုပ်ပြီးရိုက်နှက်နေတဲ့ပုံကို facebook ပေါ်တင်ခဲ့ရာမှ လူအများစိတ်ဝင်စား လာခဲ့ပါတယ်။ဗဟန်းမြို့နယ်နေအိမ်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကသက်ဆိုင်ရာရဲစခန်းကိုအကြောင်းကြားခဲ့ပေမယ့် ဗဟန်းမြို့နယ်စခန်းမှူးကတော့ ဒီလိုအကြောင်းကြားတာမျိုးမရှိပါဘူးလို့ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး ရဲ့ကြိုးပမ်းမှုကြောင့် ကလေးငယ်မစုဝေ ရဲ့ဖခင်ဖြစ်သူ နဲ့အဆက်အသွယ်ရခဲ့ပါတယ်။ဘိတ်မြို့နယ်က စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း ၉၁၈ က မစုဝေရဲ့ဖခင်ဖြစ်သူ ရဲဘော်သန်းဦးရဲ့ပြောကြားချက်အရ သမီးဖြစ်သူ မစုဝေကို ၂၇ .၉ .၂၀၁၅ နေ့ကတည်းက ဗိုလ်မှူးကျော်နုမော် တို့လင်မယားကို စာချုပ်စာတမ်းနဲ့မွေးစားဖို့ပေးခဲ့တာဖြစ်ပါတယ်။ဗိုလ်မှူးကျော်နုမော် တို့လင်မယားက မစုဝေရဲ့မိဘများကို လူမှု့ရေးအရသနားညာတာသောအားဖြင့် ငွေဆယ်သိန်း ကိုပေးခဲ့ပါတယ်။ဗဟန်းရဲစခန်းကထုတ်ပြန်ခဲ့သလို အိမ်ဖော်ဒေါ်သန်းသန်းနွဲ့ နှင့် တူမတော်စပ်တယ်ဆိုတာ လုံးဝမှားယွင်းနေပါတယ်။မစုဝေရဲ့အဓိကအုပ်ထိန်းသူတွေပဲဖြစ်ပါတယ်။ဒီနေရာမှာ ဗဟန်းမြို့နယ်ရဲစခန်းရဲ့ဒီအမှု့ ကိုင်တွယ်မှု့ပုံစံဟာ တစ်မျိုးဖြစ်နေပါတယ်။ဒီကလေးငယ် နှိတ်စက်ခံနေရတဲ့ဓါတ်ပုံတွေ လူမှု့ကွန်ယက်ပေါ်မှာ တတ်လာပြီးနောက်ပိုင်းလေးရက်ကျော်ကြာတဲ့အထိမည်သူတစ်ဦးတယောက်ကိုမှ အရေးယူခြင်း အမှု့ဖွင့်ခြင်း တစ်စုံတရာမပြုလုပ်ခဲ့ပါဘူး။မြန်မာနိုင်ငံလူကုန်ကူးမှု့တားဆီးနှိမ်နှင်းရေးမှလည်းဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းနေပါတယ်လို့မီဒီယာတွေကိုဖြေကြားခဲ့ပါတယ်။ဒီနေရာမှာကျမတို့မြင်တာက မမီးမီးလို ဘာ အာဏာဘာရာထူး ဘာလုပ်ပိုင်ခွင့် မှမရှိတဲ့သူတွေက ဒီကလေးလေးရဲ့ မိဘတွေကိုရအောင် ဆက်သွယ်ပြီး ကလေးကိုစာချုပ်စာတမ်းနဲ့မွေးစားခဲ့တယ် ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အိမ်မှာ ၈ နှစ်အရွယ်ကလေးလေး တစ်ယောက်လူမဆန်စွာ နှိတ်စက်ခံနေရတာကို နှောက်နှေးစွာလုပ်နေတာဟာ အိမ်ရှင်ကတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာကြောင့်လားဆိုတာက စဉ်းစားစရာပါ။မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှု့ဟာ နေ့ခင်းဘက်နေရောင်အောက်မှာတောင် မီးထွန်းပြီးရှာ ရလောက်အောင်ကိုခက်ခဲနေပါတော့တယ် ။

လှလှဝင်း

https://web.facebook.com/photo.php?fbid=778424058951280&set=a.261509423976082.60353.100003510801567&type=3&theater
Powered by Blogger.