ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တစ်စီးမီးလောင်



နေပြည်တော် နိုဝင်ဘာ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်း ပြင်စည်အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် (၃၂၂/ ၅-၆)ကြားတွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၅ဝ ခန့်က ယာဉ်တစ်စီး မီးလောင်၍ ပြင်စည်အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ပြင်စည်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲထက်အောင်(၂၃)နှစ် မောင်းနှင်သည့် ယာဉ်မှာ အင်ဂျင်အပူရှိန်မြင့် တက်၍ ရပ်လိုက်စဉ် ယာဉ် တစ်စီးလုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ် ပါသူ များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း အမြန်လမ်းရဲစခန်းမှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်စည်အမြန်လမ်းရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

(ဌေးမြင့်မောင်)
Powered by Blogger.