သန်လျင်ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်


ရန်ကုန် နိုဝင်ဘာ ၂၃

သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး ၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက် အထိ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ စတုဒိသာကျွေးမွေးလှူဒါန်းပွဲနှင့် မြို့လုံးကျွတ် သံဃာအပါး ၂၅၅ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသွားရန် စေတီတော်မြတ်ဂေါပကအဖွဲ့မှ စီစဉ်ဆောင် ရွက် လျက်ရှိသည်။

အဆိုပါပွဲတော်ကြီးသို့ ရပ်နီးရပ်ဝေးမှအလှူရှင်များ ကြွရောက်လှူဒါန်း ပူဇော်နိုင်ကြောင်း သိရသည်။

သန်းဝင်း-သန်လျင်
Powered by Blogger.