အတိတ်ကို တူးဆွပါ ... တူး ယူမလာပါနဲ့


ချစ်သူ အဖြစ် ရွေးချယ်တော့မယ်ဆိုရင် 
သူ့ အကြောင်း လေ့လာဖို့လိုပါသလား ???
( လိုအပ်ပါတယ် )

၁။ သူဟာ ချစ်သူ ရှိခဲ့ဖူးလား . . .

ရှိခဲ့တယ်ဆိုလဲ ပြသနာမရှိပါဘူး ။ ကိုယ်မှ တစ်ကယ်ချစ်ရင် ရွေးချယ်ရမှာပေါ့ ။သူ့ရဲ့ အချစ်ဦး မဟုတ်ပေမဲ့ သူ့ရဲ့ အချစ်ဆုံး ဖြစ်နိုင်တယ်လေ။ ကိုယ်နဲ့ မတွေ့မီက ချစ်သူ ရည်စား ရှိခဲ့ပါစေ အပြစ်မယူ သင့်ပါ ။ ကိုယ်နဲ့ ချစ်နေပြီးမှ အခြားတစ်ယောက်ကို ပြောင်းလဲသွားခြင်းကသာ ခွင့်မလွှတ်နိုင်သော
အပြစ် ဖြစ်ပါတယ် ။

၂။ သူဟာ အရင် ချစ်သူနဲ့ ဘာကြောင့် လမ်းခွဲခဲ့တာလဲ . . .

မိမိချစ်မည့်သူဟာ အသည်းခွဲခဲ့သူလား ။
အသည်း ကွဲခဲ့သူလား ။ သစ္စာမဲ့ခဲ့သူလား ။
တာဝန် ပျက်ကွက်ခဲ့သူလား ဆိုတာကို လေ့လာ သုံးသပ်ရပါမယ် ။ ဒါတွေ မလေ့လာပဲ ချစ်သူဖြစ် ရွေးချယ်လိုက်မယ်ဆို ခံစားရမှာက ကိုယ် ဖြစ်နေပါလိမ့်မယ် ။

၃။ အရေးကြီးသည့် အချက်ကတော့ . . .

မိမိ ချစ်မည့်သူ၏ နှလုံးသားဟာ အတိတ်မှာ ကျန်ရစ်ခဲ့သလား ။ သူ့ရဲ့ အရင် ချစ်သူကို သံယောစဉ် တစ်ကယ် ဖြတ်ခဲ့ပြီလား ။ မိမိ အချစ်ကို အစားထိုး ဖြေသိမ့်ဖို့လား ဆိုတာကို
လေ့လာရပါမယ် ။ အတိတ်၏ အရိပ် ပစ္စုပ္ပန်နှင့်
အနာဂါတ်ကို ရောင်ပြန် မဟပ်နိုင်ဟု မိမိဘက်က
ခိုင်မာစွာ ယုံကြည်မှသာ အချစ်ကို ပေးဖို့ ဆုံးဖြတ်ပါ ။

'' သူ့ အကြောင်း ဘာမှ မသိခင် ချစ်တဲ့ အချစ်က တစ်ကယ့် အချစ်စစ်တဲ့ နှလုံးသားက ရွေးချယ်တဲ့ အချစ် ။ မျက်ကန်း အချစ်ပေါ့ ။

'' သူ့ အကြောင်း ကုန်စင် လေ့လာပြီးမှ ချစ်တဲ့
အချစ်က အုံးနှောက်နဲ့ ရွေးချယ်တဲ့ အချစ် ။ စီးပွါးရေး ဆန်တဲ့ အချစ်ပေါ့ ။ တစ်ကယ် အချစ်စစ်လို့ ပြောလို့ရသလို ပြောလို့လဲ မရပါဘူး ။

တစ်ခုရှိတာက ... အသည်းကွဲ ပြီး ခံစားသွားရတဲ့ သူတွေဟာ မျက်ကန်း အချစ်သမားတွေ ဖြစ်နေကြတယ် ။

. . . မြူ . . .
Powered by Blogger.