ကုလားစုကျေးရွာ၌ လှံဖြင့် ထိုးသတ်သည့် လူသတ်မှုဖြစ်ပွား



မအူပင် ၊ နိုဝင်ဘာ - ၂၆
မအူပင်မြို့နယ် ၊ စွန်သိုက်ကျေးရွာအုပ်စု ၊ ကုလားစုကျေးရွာ ရွာ၏အရှေ့ဘက်လမ်း၌ ယနေ့ ၂၆-၁၁-၂၀၁၅နေ့ နံနက် ၈:၂၅နာရီအချိန်ခန့်တွင် ငါးထုပ်နှင့်အတူ အင်းတဲဘက်မှပြန်လာသည်ဟုယူဆရကာ ၎င်းနေထိုင်ရာအိမ်သို့ ကျော်လွန်၍ ဆိုင်ကယ်မောင်းလာသော ဦးအာင်ကျော်မိုး (ဘ)ဦးလှမြင့် ၊ အသက် (၅၀)နှစ်ခန့် အား ဦးလှရွှေ၏ နေအိမ်နားသို့ အရောက်တွင် က္ကို့ပင်ပေါ်မှစီး၍လူတစ်ဦးမှ လှံဖြင့်ထိုး လုပ်ကြံရာ ဦးအာင်ကျော်မိုး၏ ယာဘက်ရင်အုံအထက်ပိုင်းသို့ထိုးမိသဖြင့် ထော်လာဂျီယာဉ်ဖြင့် သယ်ဆောင်လာပြီး အောင်ဟိတ်ဂုံးအနီးသို့အရောက် နံနက် ၉:၀၅နာရီအချိန်ခန့်မှာ မအူပင်မြို့ကရုဏာလူမှုကူညီရေးအသင်းအရေးပေါ်လူနာတင်ယာဉ်ဖြင့်လွှဲပြောင်း သယ်ဆောင်လာရာတွင် ( ယခင် 969 စက်ချုပ်ဆိုင်မှ ဦးမင်းသိန်း(ခ)ဦးဖိုးတုတ်၏ ညီအရင်းဖြစ်သူ ) ဦးအောင်ကျော်မိုးသည် ရရှိသည့် အသည်းထိခိုက်ထိုးခွဲမိသည့် ဒဏ်ရာဖြင့် လမ်း၌ပင် သေဆုံးသွားပြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ ဦးလှရွှေ ၊ ကြုံရာကျဘမ်းအလုပ်လုပ်ကိုင်သူ အသက်(၅၀)ကျော်ခန့်အား ဖမ်းမိနိုင်ရန်ဆောင်ရွက်နေကြောင်း ကနဦးသတင်းရရှိပါသည် ။
ဓာတ်ပုံ - မူလပိုင်ရှင်
Credit;မအူပင်သတင်းပုံရိပ်
Powered by Blogger.