စာလေးကို ဆုံးအောင်ဖတ်ပါ။

တစ်နေ့မှာ အသက် ၇၀ အရွယ် အဖေနဲ့ အသက် ၄၀ နီးပါး သားတစ်ယောက်ဟာ ထိုင်ခုံလေးတစ်ခုမှာ ထိုင်နေပါတယ်။ရာသီဥတု သာယာနေပြီးတော့ ငှက်ကလေးတွေလဲ ပျံဝဲနေပါတယ်။အဲဒီအချိန်မှာ စာကလေးတစ်ကောင်က သူတို့နှစ်ယောက်နားမှာ လာပြီးတော့ ရပ်နေပါတယ်။သူ့အဖေက သူ့သားက ဒီဘာလဲ လို့ငှက်ကလေးကို လက်ညိုးညွန်ပြီး မေးပါတယ်။သူ့သားက စာကလေးငှက်လို့ ပြန်ဖြေပါတယ်။သိပ်မကြာခင်မှာ နောက်တစ်ခါ "ဒါဘာလဲ "ဆိုပြီး ငှက်ကလေးကို လက်ညိုးထိုးပြီး ပြန်မေးပါတယ်။သူ့သားကလဲ "စာကလေးငှက်ပါ အဖေ" လို့ပြန်ဖြေပါတယ်။ နောက်တစ်ခါ ဒါဘာလဲလို့ မေးပြန်ပါတယ်။သူ့သားကလဲ ပြန်ဖြေပါတယ်။နောက်တစ်ခါ ထပ်မေးပါတယ်။သူ့သားက စိတ်မရှည်တော့ ဘဲ စာကလေးငှက် လို့ပြန်ဖြေပါတယ်။နောက်တစ်ခါ သူ့အဖေက မေးပါတယ်။သူ့သားက ဒေါသတောင်ထွက်နေပြီးတော့ "စာကလေးငှက်ပါဆို ဦးနှောက်မကောင်းတော့ ဘူးလား" လို့ကြိမ်းမောင်းလိုက်ပါတယ်

အဘိုးကြီးလဲ ဘာမှမပြောတော့ဘဲ အိမ်ထဲဝင်သွားပါတယ်။ပြီးတော့ ဒိုင်ယာရီ စာအုပ်အဟောင်းကလေးကို ကိုင်လာပြီးတော့ စာမျက်နှာ တစ်ခုကိုလှန်ပြီးတော့ သူ့သားလက်ထဲ ပေးလိုက်ပါတယ်။သူ့သားက ဖတ်ကြည့်တော့
" နိုဝင်ဘာ ၂၀၊ရာသီဥတုကသာယာနေတယ်။လေးနှစ်အရွယ် သားလေးနဲ့ ထိုင်ခုံမှာ ထိုင်နေတယ်။အဲဒီအချိန်မှာ စာကလေးတစ်ကောင် အနားေ၇ာက်လာတာကို သားက လက်ညိုးထိုးပြီးတော့ ဒါဘာလဲလို့မေးတယ်။စာကလေးလို့ ပြန်ဖြေတယ်။သားလေးက အခါနှစ်ဆယ်တိတိမေးတယ်။အခါနှစ်ဆယ်လုံးပြန်ဖြေပေးလိုက်တယ်။ပြီးတော့ ပြုံးပြီး သားလေးကိုကြည့်လိုက်တယ်။ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အတူတူဖက်လိုက်ကြတယ်။"

စာဖတ်လို့ အပြီးမှာ တော့ သားဖြစ်သူက သူ့အဖေကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။သူ့အဖေကလဲ ပြန်ပြုံးပြပါတယ်။ပြီးတော့ သားအဖနှစ်ယောက် အတူတူဖက်လိုက်ကြတယ်။

ရာသီဥတုကလဲ သာယာနေတယ်။ငှက်တွေကလဲ ပျံဝဲနေကြတယ်။စာကလေးလေးကလဲ ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။

ဒီစာလေးဖတ်ပြီးတော့ တစ်ခုခုခံစားမိတာလေးများ မရှိဘူးလား မိတ်ဆွေ။

မောင်စိုင်း
Powered by Blogger.