ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့

ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ပြိုင်ပွဲမှာNLD  logo
 ပုံစံ နဲ့  National
Costume  ဝတ်မယ့်    Lဘောက်နူး
==============================

Miss Supranational myanmar 2015 ဆုရှင် Lဘောက်နူး  ပြိုင်ပွဲမှာ ဝတ်မယ့်
Nation Costume နဲ့ပတ်သတ်ပြီးတော့
MGLM organization က
founder ဝေယံအောင်  "ကမ္ဘာကလေးစားအတုယူစံထားရတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ပြည်သူ့ခေါင်းဆောင် အမေစု ကို ချစ်ခင်လေးစားတန်ဖိုးထားသောအားဖြင့် NLD LOGO ပုံသဏ္ဍာန်လေးနှင့် ယဉ်ကျေးသိမ်မွေ့ပြီးကျက်သရေရှိရှိ ရိုးရှင်းစွာတင့်တယ်လှပနေတဲ့ မြန်မာအမျိုးသမီးလေးအသွင်ဖြင့် ကမ္ဘာ့စင်မြင့်ထက် ဂုဏ်ယူစွာ ၀တ်ဆင်ပြသမှာဖြစ်ပါတယ်...
ဒါကြောင့်လည်း ၀တ်စုံလေးဟာ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အချစ်မေတ္တာနှလုံးသားကို ဖော်ညွှန်းကိုယ်စားပြုနေပါတယ်..
National Costume လေးကိုတော့ ဒီဇိုင်နာ မပုံ့ (My Favourite) က ဖန်တီးချုပ်လုပ်ထားပါတယ်...
အမေစု ကို တန်ဖိုးထားလေးစားကာ မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိရှိတင့်တယ်လှပခြင်း
ဂုဏ်ဒြပ်များကိုကမ္ဘာ့အလယ်ထုတ်ဖော်ပြသလိုသည့် ရည်ရွယ်ချက်ဖြစ်သည့်အတွက် ၀တ်စုံလေးကို ထူးခြားဆန်းပြားအောင် အမြင်ရှုပ်ထွေးအောင်မလုပ်ထားဘဲ ရိုးရှင်းစွာလှပအောင် ဖန်တီးထားပါတယ်...NCဆုရခြင်းမရခြင်းအတွက် ရည်ရွယ်ဖန်တီးခြင်းမဟုတ်ပါ...
မြန်မာနိုင်ငံရဲ့အရေးကြီးဆုံး၂၀၁၅ရွေး
ကောက်ပွဲ မှာ အမှန်တကယ်ပြောင်းလဲလိုတဲ့ ပြည်သူတို့ ရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်ခဲ့တဲ့ အောင်မြင်ခြင်းအထိမ်းအမှတ်ကို ကမ္ဘာ့အလယ် ၀မ်းမြောက်ဂုဏ်ပြုစွာဖော်ညွှန်းပြသလိုက်တဲ့ အမှတ်သင်္ကေတတစ်ခုအဖြစ် Miss Golden Land Myanmar Organization၏ သမိုင်းအတွက် မှတ်တိုင်သစ်တစ်ခုစိုက်ထူကာ တင်ဆက်လိုက်ခြင်းသာဖြစ်ပါတယ်" လို့ပြောပါတယ် ။ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး(Grand Slam အဆင့်)အလှမယ် ပြိုင်ပွဲကြီးများအနက် တစ်ပွဲဖြစ်သည့် Miss Supranational 2015 ပြိုင်ပွဲကြီးကို  ပိုလန်နိုင်ငံတွင် အိမ်ရှင်အဖြစ် နိုဝင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့ထိကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း (၈၀)ကျော်မှ ကိုယ်စားပြုအလှမယ်လေးများ ယှဉ်ပြိုင်လျက်ရှိကြတယ်လို့သိရပါတယ်။
Powered by Blogger.