သားနဲ့သမီးကို ဂရုစိုက်နေလို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်ကြတဲ့ ချောရတနာနဲ့ မျိုးစန္ဒီကျော်

သရုပ်ဆောင် ချောရတနာ က သားလေး ကိုယ်ဝန်လွယ်ထားရကတည်းက အနုပညာအလုပ်တွေ မလုပ်တော့ပဲ သားအပေါ် မှာပဲ အချိန်ပေးဖြစ်တယ်လို့ပြောပါတယ်။ ချောရတနာက " ချော က သား လေး ကိုယ်ဝန် ရကတည်းက ဘာမှ မလုပ်တော့ဘူးလေ.. သားလေး မွေးပြီးတဲ့အခါမှာလည်း သရုပ်ဆောင် လုပ်ဖို့ ကမ်းလှမ်းတာတွေရှိပေမယ့် သားကို ပဲ အချိန်ပေးချင်တယ် သားကအရမ်းလည်းငယ်သေးတော့သားနားမှာပဲနေသင့်တယ်လို့ထင်တာကြောင့်သားနားမှာပဲနေပြီးသားကို ပဲ ဂရုစိုက်ဖြစ်တော့တယ် ဇာတ်ကားတွေတော့မရိုက်ဖြစ်သေးပါဘူး
ရန်ပုံငွေဖျော်ဖြေပွဲတွေမှာတော့ ပါဝင်ကူညီပေးဖြစ်တယ် " လို့ပြောပါတယ်။ သမီးလေး မွေး ထားတဲ့မျိုးစန္ဒီကျော်ကလည်း "မျိုး က သမီးလေးကိုပဲဂရုစိုက်နေတယ်လေ. သမီးလေးက ငယ်သေးတော့ နာနီနဲ့ထားရမယ့်အရွယ်မဟုတ်ဘူးလေ မိခင်ကိုယ်တိုင်ပဲ စောင့်ရှောက်သင့်တယ်လို့ထင်ပါတယ်
သရုပ်ဆောင်အလုပ်က မလုပ်ဖြစ်ပါဘူး
သမီးကိုပဲ ဂရုစိုက်နေတယ် သမီးကို အိမ်မှာက Jewel လို့ ခေါ်တယ်" လို့ ပြောပါတယ်။
Powered by Blogger.