ဆိုင်ကယ်ကိုတိုက်ပြီးထွက်ပြေးသွားသည့်ကား ချောက်ထဲပြုတ်ကျကာ မီးလောင်

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်တွင် အမျိုးသား နှစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်ကို တိုက်၍ ထွက်ပြေးသွားခဲ့သည့် ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နှင့် ကားပေါ်ပါ စုစုပေါင်းအမျိုးသား သုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား တွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၁ နာရီခန့်က မော်တော်ယာဉ် တစ်စီးသည် အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်၍ မြို့ပတ်လမ်းအတိုင်း ထွက်ပြေးသွားခဲ့ပြီး ၄၂ လမ်းနှင့် ၄၃ လမ်းကြားသို့ ရောက်ရှိစဉ် လမ်းအနောက်ဘက်ရှိ သစ်ပင်ကို ၀င်တိုက်မိ၍ ၁၀ပေခန့်အနက် ချောက်အတွင်းထိုးကျကာ မီးလောင်ကျွမ်းခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
‘‘ကားက မီးလောင်သွားတာ ဘာကားအမျိုးအစားတောင်မသိ လိုက်ဘူး။ ကားမီးလောင်တာ သိ သိချင်း မီးသတ်တွေသွားပြီး ငြှိမ်း သတ်ခဲ့တယ်။ ယာဉ်မောင်းက လည်း အရက်မူးနေတာလည်း ဖြစ်နိုင်တယ်’’ဟု တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ကားမီးလောင်မှုကို မဟာအောင်မြေမြို့နယ် မီးသတ် တပ်ဖွဲ့က မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားသည် မီးလောင်ဒဏ် ရာများရရှိ၍ သေဆုံးသွားခဲ့သည်။ယင်းကားတိုက်မိခဲ့သည့် ဆိုင် ကယ်မောင်းနှင်လာသည့် အမျိုး သားနှစ်ဦးသည်လည်း ဦးခေါင်း ဒဏ်ရာများရရှိ၍ မန္တလေးဆေးရုံ ကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့မှုကြောင့် မဟာအောင်မြေမြို့မရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ၃၀၄-(က)/၂၈၅ ဖြင့် အမှုဖွင့်ထားရှိကြောင်း အမှတ် (၉) နယ်မြေရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။
============
7Day News Journal
Powered by Blogger.