စစ်သူကြီးမဟာဗန္ဓုလ၏ ဓနုဖြူတိုက်ပွဲ

စစ်သူကြီးမဟာဗန္ဓုလ ဦးစီးသော မြန်မာ့စစ်သည်တော်များသည် ရန်ကုန်မြို့မှနေ၍ဧဧရာဝတီမြစ်ဝဒေသရှိ ဓနုဖြူခံတပ်သို့ ဆုတ်ခွာခဲ့ရသည်။ စစ်ပွဲအတွေ့အကြုံ့ရင်ကျက်သော ရဲမက်အမြောက်အမြားကို ရန်ကုန်တွင်စွန့်လွှတ်ခဲ့ရပြီး အင်အား ၁၀၀၀၀ နီးပါးရှိစေရန် ပြန်လည်ဖွဲ့စည်းထားသောမြန်မာ့တပ်တော်မှာ
ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့အချို့နှင့် တစ်ခါမှပင်စစ်ရေးမလေ့ကျင့်ဖူးသည့် စစ်မှုထမ်းရဲမက်များ
ရောနှောပါဝင်နေလေသည်။ ဓနုဖြူခံတပ်မှာ တစ်မိုင်နီးပါးမှကျယ်ဝန်းပြီး မြစ်ဝပေါ်တွင်တည်ရှိသည်။ ကျွန်းဖြင့်ပြုလုပ်ထားသော သေနတ်ပစ်စင်များမှာလည်း ၁၅ပေနီးပါးအမြင့် တည်ဆောက်ထားသည်။

၁၈၂၅ခုနှစ်၊ မတ်လတွင် ဗြိတိသျှတို့သည် အင်အား ၄၀၀၀ ဖြင့် သေနတ်များတပ်ဆင်
ထားသောတိုက်လှေငယ်များကို အသုံးပြုကာ ဓနုဖြူကို စတင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှတို့ တိုက်စစ်ဦးကျိုးသွားကာ မြန်မာ့တို့ကခြေလျင်ရဲမက်၊ မြင်းသည်တော်များနှင့် တိုက်ဆင်(၁၇)ကောင်တို့ဖြင့် တန်ပြန်တိုက်စစ်ဆင်ရန်ကြိုးစားလေသည်။ သို့သော် တိုက်ဆင်များမှာ အမြောက်ဆံများ၊ ရှုးဒုံးများကျရောက်ပေါက်ကွဲသဖြင့် ရပ်တန့်ကုန်ကြလေသဖြင့် အခြားသောခြေလျင်ရဲမက်နှင့်
မြင်းသည်တော်များသည် ဗြိတိသျှအမြောက်များကို ကြာရှည်စွာတိုက်ခိုက်နိုင်မည်မဟုတ်သည်ကို
ကောင်းစွာနားလည်လိုက်ကြသည်။

၁၈၂၅ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ဗြိတိသျှတို့အကြီးအကျယ် ထိုးစစ်ဆင်လေသည်။ ၄င်းတို့၏ အဝေးပစ်အမြောက်များနှင့် ရှုးဒုံးကျည်များကို ဓနုဖြူမြို့ထဲရှိ မြန်မာတပ်စခန်းသို့ လက်နက်မိုးရွာ
သွန်းချခဲ့သည်။ စစ်သူကြီးမဟာဗန္ဓုလသည် ဓနုဖြူခံတပ်အတွင်း ဗြိတိသျှတို့အားတိုက်ခိုက်ရန် စိတ်ဓာတ်စွမ်းရည်အား တိုးတက်နေရန်လှည့်ပြောကြားနေစဉ် အမြောက်ဆံမှန်ကာ ကျဆုံးခဲ့သည်။ ဗြိတိသျှတို့ဘက်မှ စစ်သူကြီးမဟာဗန္ဓုလကို ချိန်သားကိုက်ထိမှန်အောင်ပစ်ခတ်နိုင်ခြင်းမှာ ၄င်းသည် သူ၏စစ်သူကြီးအဆောင်အယောင်ဖြစ်သော ရွှေထီးကိုဆောင်းလေ့ရှိသည့်အတွက် ထိုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟုသိရှိခဲ့ရသည်။ စစ်သူကြီးမဟာဗန္ဓုလ ကျဆုံးပြီး မြန်မာ့တပ်များကို ဦးဆောင်တိုက်ခိုက်မည့်သူမရှိ၍ ဓနုဖြူကိုမြန်မာတို့ စွန့်ခွာခဲ့ကြသည်။

Ref: Wikipedia မှ မိုးလုံးမှိုင်းထုတ်နုတ်ဘာသာပြန်ဆိုသည်။
Powered by Blogger.