ကမ္ဘာ့ အသက်အငယ်ဆုံး ရုပ်ရှင် ဒါရိုက်တာ

ကမ္ဘာ့ဂင်းနစ် မှတ်တမ်း အဖွဲ့ကြီးသည် နီပေါနိုင်ငံမှ အသက်ရှစ်နှစ် အရွယ်ရှိ ယောက်ျားလေး တစ်ဦးအား ကမ္ဘာ့ အသက်အငယ်ဆုံး ရုပ်ရှင် ဒါရိုက်တာအဖြစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ဆော်ဂတ်စ်ဘစ်စတာ အမည်ရှိ အဆိုပါ လူငယ်ကလေးသည် Love You Baba အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ၎င်း၏အသက် ခုနစ်နှစ်နှင့် ရက်ပေါင်း ၃၄ဝ တွင် ရိုက်ကူးနိုင်ခဲ့ပြီး ယခင်က ကမ္ဘာ့ အသက်အငယ်ဆုံး ဒါရိုက်တာအဖြစ် စံချိန် တင်ထားခဲ့သည့် အိန္ဒိယ နိုင်ငံမှ ကီရှန်ရှရီခန်းကို ကျော်ဖြတ်၍ ဂင်းနစ်မှတ်တမ်းကို ဆွတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘစ်စတာ ရိုက်ကူးခဲ့သည့် အဆိုပါ ရုပ်ရှင်ဇာတ်ကားကို နီပေါနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ရုံတင် ပြသခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ ဖေဖော်ဝါရီ ၂၂
#PannPwint
Powered by Blogger.