သင့်အိမ်ထောင်ရေးဟာ စိတ်ပျက်စရာကောင်းနေပြီလို့ ယူဆမိနေပြီဆိုရင် ဒီအချက်(၄)ချက်က ကယ်တင်ပေးနိုင်


သင့်ရဲ့ အိမ်ထောင်ရေးဟာ သင်ထင်သလို ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်မနေတော့ပဲ ကြာလေ စိတ်ပျက်စရာကောင်းလေ ဖြစ်လာပြီဆိုရင် ဒီလိုအခြေအနေကို ကယ်တင်ပေးနိုင်မယ့် အရာတွေ စဉ်းစားရတော့မှာပေါ့။ ခုဖော်ပြပေးမယ့် အချက်လေးတွေက သင့်အိမ်ထောင်ရေး အခြေအနေကို လုံးဝပြောင်းလဲသွားအောင် မပြုလုပ်ပေးနိုင်ရင်တောင် အရင်ထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်လာမှာ သေချာပါတယ်။ ဒီတော့ သင့်အနေနဲ့ ပြုလုပ်ရမယ့်အရာတွေက

၁။နှစ်ယောက်သား ပြသနာကို သေချာဆွေးနွေးဖို့ အချိန်ပေးပါ။
ခုလို ဖြစ်နေကြရတဲ့ အဓိက ပြသနာက ဘာလဲဆိုတာ တွေးဖို့လိုအပ်လာပါပြီ။ ပြသနာကို ဆွေးနွေးဖို့ဆိုရင် ဘယ်သူမှမရှိတဲ့နေရာ၊ နှစ်ယောက်တည်း အေးဆေးစကားပြောလို့ရမယ့်နေရာကိုသာ ရွေးပါ။ မိဘတွေရှိနေမယ်၊ ကလေးတွေ ဘေးမှာရှိနေမယ်ဆိုရင် ပြောရဆိုရ မလွတ်လပ်တော့ပါဘူး။ ပြီးတော့ ဒေါသထွက်နေတဲ့အချိန်မှာ ပြသနာကို မရှင်းပါနဲ့။ စိတ်ငြိမ်တဲ့အချိန် တည်ငြိမ်ပြီဆိုမှသာ နှစ်ဦးသား ဆွေးနွေးပြောဆိုပါ။

၂။အပြောင်းအလဲအတွက် တောင်းဆိုချက်တွေက ဘာလဲဆိုတာ ချရေးပါ။
သင့်အနေနဲ့ သင့်ချစ်သူကို ဘာတွေပြောင်းလဲစေချင်တာလဲ။ သင့်အနေနဲ့ရော ဘယ်လိုအရာတွေ ပြုပြင်ဖို့ လိုအပ်ပါသလဲ။ သူ့နေရာ၊ ကိုယ်နေရာ မျှတအောင် တွေးပြီး ပြောင်းလဲရမယ့်အရာတွေကို ချရေးလိုက်ပါ။ နှစ်ဦးနှစ်ဖက်စလုံး ညီတူညီမျှဖြစ်စေမယ့်အရာကိုသာ တောင်းဆိုသင့်ပါတယ်။

၃။ကိုယ်လုပ်နေတဲ့ အရာတွေထဲက ပုံစံမကျဘူးထင်တဲ့အရာတွေကို ရပ်တန့်ပစ်လိုက်ပါ။
အသစ်တစ်ခုကို ခြေလှမ်းမစခင် ကိုယ်ပြုမူလုပ်ဆောင်နေတဲ့ အရာတွေထဲက မဟုတ်မဟတ်တွေ၊ ပုံစံမကျဘူးလို့ ထင်တဲ့အရာတွေကို ဆက်မလုပ်ပါနဲ့တော့။ ဥပမာ ကိုယ့်အမျိုးသမီးကို အိမ်ပြန်လာတဲ့အခါ အလုပ်ပင်ပန်းလို့ စကားတောင် အဖတ်လုပ်မပြောဘဲ အိပ်ယာတန်းဝင်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုပဲ ကိုယ့်အိမ်သူ မသိပဲ ရုံးက ၀န်ထမ်းတစ်ယောက်နဲ့ ချိန်းတွေ့တာမျိုးတွေ ရှိနေတယ်ဆိုရင်လည်း ဒါတွေ ရပ်တန်းက ရပ်ပစ်လိုက်ပါ။

၎။ ပြောင်းလဲလာတဲ့၊ ပိုမိုကောင်းမွန်လာတဲ့အရာတွေအတွက် အချင်းချင်း ချီးမွမ်းစကားဆိုပါ။
နှစ်ဦးသား ညှိုနှိုင်းပြောဆိုထားသလိုပဲ ခုဆိုရင် အနေအထားတွေ ပြောင်းလဲလာတယ်။ တစ်ဦးအတွက် တစ်ဦးကလည်း အသိလေးနဲ့ သတိထားပြီး ပြောဆိုပြုမူလာတာမျိုးတွေ ရှိတယ်။ အခြေအနေတွေ တိုးတက်လာတယ်လို့ ခံစားမိရင် သူ့အတွက်လည်း ချီးကျူးစကားဆိုပါ။ ကိုယ်ပြောင်းလဲလာတာကိုလည်း သူသိအောင် ပြောပြပေးပါ။
Ref:yourtango.com
_________PannPwint____Ads_____
Fun Pageများ အောင်မြင်မှုရှိစေရန် ဆွေးနွေးဆောင်ရွက်ပေးပါသည်
ဆက်သွယ်ရန်။ 0979 4443044
Powered by Blogger.