တိုက်ပွဲများကြားမှ ယာယီစစ်သား


မြစ်ကြီးနားဘရန်

ယခင်ရွာတွင် မိသားစုနှင့်အတူ တောင်ယာလုပ်ငန်းများသာ လုပ်ကိုင်းရင်း ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းလာခဲ့သည့် ရှမ်းတိုင်းရင်းသား ဦးစိုင်းလုံတစ်ယောက် တစ်ယောက် ယခုအချိန်တွင် သူ့ဘ၀တွင် အိမ်မက်တောင် မမက်ဖူးသည့် အလုပ်အား လုပ်နေရသည်။

ဦးစိုင်းလုံသည် အသက် ၄၅ အရွယ်ရှိပြီး အသားဖြူပြီး အရပ်က သာမန်အရပ်ရှိသည့် ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှ နာလုံရေးရွာမှ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သည်။

သူသည် ရှမ်းစကားသာ အဓိကပြောပြီး ကချင်စကားနှင့် ဗမာစကားများကိုပါ အနည်းငယ်တတ်သည်။ ဦးစိုင်းလုံသည် ၂၀၁၁ တွင် အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲပြန်ဖြစ်လာသည့်အတွက် ဇနီးနှင့် သာအား အိမ်တွင်ထားခဲ့ပြီး ကေအိုင်အေထဲသို့ ၀င်ရောက်လာသူ တစ်ဦးဖြစ်သည်။

စစ်သားမလုပ်လိုသော်လည်း ရွာလူကြီးများ၏ပြောဆိုမှုကြောင့် သူနဲ့အတူ နာလုံ၊မာန်ဆိုင်း၊ မန်မောင်၊ရှာဒန်ပါ၊ မုန်းဂျေနှင့် အင်ဒမ်ယန် စသည့် ကျေးရွာများမှ ရှမ်းတိုင်းရင်းသားများ အယောက် တစ်ရာကျော်နှင့်အတူ ကေအိုင်အေထဲသို့ဝင်ရောက်လာခြင်းဖြစ်သည်။

ကေအိုင်အေထဲသို့ဝင်ရောက်ပြီးနောက် လိုင်ဇာအနီးရှိ ကေအိုင်အေ တပ်စခန်းတစ်နေရာတွင် သေနတ်ကိုင်ရင်း ကေအိုင်အေစစ်သားတာဝန်ထမ်းဆောင်နေသည့် ကိုစိုင်းလုံက
“ မိန်းမနဲ့သားကိုတော့ သတိရတယ်။” လို့ သူ၏ခံစားချက်အား ပြောပြသည်။

ဦးစိုင်းလုံသည် လဂျာယန် ၊ရီဟူး၊ နာလုံ နှင့် လမ်းဆုံ (၂) စသည့် စခန်းတွင် တိုက်ပွဲကြား လေယာဉ်ဗုံးတွေကြား တွင် ပြင်ပြင်းထန်ထန် တိုက်ပွဲ ၀င် စစ်ပွဲဝင်နွဲခဲ့သူဖြစ်သည်။လဂျာယန် တစ်ဖက်ရှိ တောင်တွင် အစိုးရတပ်မတော် တပ်ရင်းတစ်ခုအား တစ်ယောက်ထဲ ခုခံတိုက်ခဲ့သည့် သူ့အတွေ့အကြုံကိုလည်း တစ်သက်လုံး မေ့နိုင်တော့မည်မဟုတ်ကြောင်းလည်း ပြောပြသည်။

ဦးစိုင်းလုံနှင့်အတူ ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်နေသည့် အရပ်(၅)ပေ (၅) လက်မခန့်ရှိ အသားဖြူဖြူ ရုပ်ခန့်ခန့် ရှမ်းတိုင်းရင်းသားတစ်ဦးလည်းရှိသည်။ သူ၏နာမည်မှာ ဦးခူဆီဖြစ်ပြီး သူသည် စစ်မှန်သည့် ငြိမ်းချမ်းရေးမရမချင်း တိုက်ပွဲဝင် တိုက်ခိုက်သွားမည်ဟု ခံယူကာ တိုက်ပွဲဝင်သူလည်းဖြစ်သည်။

ဦးခူဆီသည် အဆင်မပြေမှု ကံဆိုးမှုများစွာနှင့် ကြုံတွေ့ဖူးသူဖြစ်သည်။ မိန်းမနှင့်ကွဲသွားခဲ့ရသည်။ သားယောက်နှင့် အတူမနေရ။ပြီါ်နောက် အစိုးရတပ်မတော်မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် ၎င်းတို့ရွာတွင်ကျကာ ညီမအရင်း ထိမှန်သေးဆုံးခဲ့သည်။ ပြီးနောက် သေဆုံးသွားသည့် ညီမ၏ အမျိုးသားကလည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ ညီအငယ်ဆုံးဖြစ်သူလည်း အစိုးရတပ်မတော်မှ သူအား ကေအိုင်အေ နှင့်ပေါင်းသည်ဟုဆိုကာ ဘွမ်ရဲဘွမ်တွင် နှိပ့်စက်ပြီး သတ်လိုက်ပြီဖြစ်ကြောင်းကို ဦးခူဆီက အသံတုန်ရီစွာဖြင့် တစ်ခုခြင်းအား ပြောပြနေသည်။

ဦးခူဆီ သည် ထိုကဲ့သို့သော ပြသနာများစွာကို စိတ်ထခိုက်စရာ များစွာအား ကြုံတွေ့ရသော်လည်း ယခုသူပေးဆပ်မှ သူ့သာမီးအချိန်တွင် ကောင်းမွန်စွာ နေထိုင်နိုင်မည်ဖြစ်သည်ဟု ခံယူထားသည့် အတွက် အသက်ဆုံးရှုံးမျာကိုပါ မကြောက်ရွှံ့တော့ကြောင်းဆိုသည်။

“မိဘတွေ မလုပ်ရင် သာသမီးတွေ အလှည့်ရောက်လာမှာပဲ။ သားသမီးခေတ်မှာလည်း ကောင်းကောင်းနေရမှာမဟုတ်ဘူး။ လူတွေဆိုတာ သေချိန်တန်ရင်ဘယ်မှာနေနေသေမှာပဲ။ စစ်တိုက်နေရင်လည်း သေချိန်မတန်သေးရင်သေမှာမဟုတ်ဘူး။ ” ဟု ဦးခူဆီမှဆိုသည်။

ဦးခူဆီနှင့် ဦး စိုင်းလုံတို့နှစ်ဦးသည် စခန်းတွင် ပျင်းရိနေချိန် ဖုန်းမှ သီချင်းနားထောင်ခြင်း သာမက ဖုန်းသရဲ အမျိုးသမီးများ နှင့် စကားပြောကာ အချိန် ဖြုန်းလျှက်ရှိကြောင်းလည်းဆိုသည်။

သူတို့နှစ်ဦးစလုံးသည် ငြိမ်းချမ်းရေးရမှ ရွာပြန်ပြီး လုပ်ကိုင်စားသောက်ရန် အဆင်မပြေသည့် အတွက် အမခံတဲ့ ငြိမ်းချမ်းရေးရသည့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ခံယူထားကြသည်။

“ငြိမ်းချမ်းရေး မရရင် ရွာမှာလဲ လုပ်ကိုင်စားသောက်လို့မရဘူး။ အေးအေးနေလို့ကိုမရဘူး။ ဒါကြောင့် ကျွန်တော်တို့က တစ်သက်လုံး လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။” ဟု ဦး ခူဆီမှဆိုသည်။

ပြီးနောက် သူတို့နှစ်ဦးစလုံးသည် ရှမ်းတိုင်းရင်းသားများ ဖြစ်သော်လည်း ကေအိုင်အေ စစ်သားလုပ်ကိုင်နေကြသည့် ၎င်းတို့၏ ခံယူချက်ကို ဦးစိုင်းလုံက
ယခုလိုရှင်းပြခဲ့သည်။

“ကျွန်တော်ကို မိန်းမလာခေါ်တယ်။ ကျွန်တော်မလိုက်ဘူး။ ကချင်ပြည်နယ်မှာပဲနေတယ်ဆိုတော့ ကျွန်တော်တို့လည်း လုပ်ရမှာပဲ။”

(ယခုဆောင်းပါးသည် ၂၀၁၃ ခုနှစ်တွင် ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။)

Kachinwaves

Powered by Blogger.