မော်ဒယ်တွေကို ဘီကီနီ ၀တ်ခိုင်းပြီး စားပွဲထိုးခိုင်း

မော်ဒယ်တွေကို ဘီကီနီ ၀တ်ခိုင်းပြီး စားပွဲထိုးခိုင်း

တရုတ်နိုင်ငံတွင် ဆိုင်ဖွင့်ပွဲတွေကို ထူးထူးခြားခြား ပြုလုပ် တတ်ကြသည်။ အချို့က ဆွဲဆောင်မှု ရှိအောင် မော်ဒယ်တွေကို အသုံးပြုလေ့ ရှိသည်။ မော်ဒယ်တွေကို အသုံးပြုရာတွင် ထူးထူး ဆန်းဆန်း ဖြစ်အောင် ဘီကီနီ ၀တ်စုံတွေ ၀တ်ဆင် ခိုင်းလေ့ ရှိသည်။ တလောက ပြုလုပ် ခဲ့သည့် ရှောပင်းစင်တာ ဖွင့်ပွဲတွင် တက်ရောက် လာသူတွေကို ဧည့်ခံဖို့ မော်ဒယ်တွေကို အသုံးပြုခဲ့သည်။ တရုတ်မော်ဒယ်တွေ သာမက နိုင်ငံခြားသား မော်ဒယ်တွေလည်း ပါဝင် ခဲ့သည်။ မော်ဒယ်များသည် ဘီကီနီများကို ၀တ်ဆင်ပြီး စားပွဲထိုး ပုံစံ လုပ်ပေးရခြင်း ဖြစ်သည်။ တက်ရောက်လာသော ဧည်သည့်များ စားသောက်ဖို့ အတွက် ပန်ကန်းပြားတွင် သစ်သီးနှင့် ပာင်းလျာများကို ထည့်ကာ ပို့ဆောင် ပေးခြင်း ဖြစ်သည်။ ဟီနန်ဒေသတွင် ရှိသည့် ပလာဇာ ဖွင့်ပွဲတွင် ယခု ကဲ့သို့ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

The Messenger
စာဖတ်သူများကို ကျေးဇူးအထူးတင်ရှိပါသည်။
Powered by Blogger.