ချစ်သူချင်း ပိုချစ်ကြမယ်စဉ်းစားထားရင်

၁ - ချစ်လားအမြဲမေးပါ 

အမြဲလိုအပ်တဲ့အရာပါ
ချစ်သူတွေကြား စက္ကန့်မလပ်လေကောင်းလေပါပဲ

#ပွင့်လွန်းလို့_သေသွားတဲ့သစ်ပင်ဆိုတာမရှိပါဘူး ။

¤¤¤¤¤

၂ - သူ့အကြိုက်လေးတွေ မှတ်ထားပါ

သူ့အကြိုက်ကိုအမြဲဆောင်ရွက်ပေးပါ
ကိုယ့်အကြိုက်ကိုမေ့ပြီး သူ့အကြိုက်နဲ့ထပ်တူကျနိုင်အောင်ကြိုးစားပါ ။

#သူ့စိတ်ကူးပုံတူလေးဟာ_ကိုယ့်ပုံတူပန်ချီကားလေးဖြစ်လာအောင်ပေါ့

¤¤¤¤¤

၃ - ဝတ္တရားမပျက်ကွက်ပါစေနဲ့

မနက် နေ့လည် ည မက်စေ့ ဖုန်း တာဝန်မပြတ်ပါစေနဲ့

#လိုအပ်ရင်_နှလုံးသားအိုဗာတိုင်လည်းဆင်းပေးပါ ။

¤¤¤¤¤

၎ - အရာရာအမှန်အတိုင်းချပြပါ

ဘဝ ၊ အချစ် ၊ အတိတ် အားလုံးပေါ့

#ရိုးသားမှု့ဟာ_အကောင်းဆုံးလက်ဆောင်ပါ ။

¤¤¤¤¤

၅ - ချစ်ဖို့ကောင်းကြောင်း မကြာမကြာပြောပါ

ချစ်သူကိုလှတယ်၊ချစ်တယ်ပြောတာ ဂုဏ်ပြုစရာတမျိုးပါ

#ကိုယ့်ချစ်သူကချစ်တယ်ဆိုတာမကြားချင်တဲ့သူ
#သန်းပေါင်းခုနှစ်ထောင်_တစ်ယောက်မှမရှိပါဘူး ။

¤¤¤¤¤

၆ - အနာဂတ်အစီအစဉ်တွေပြောပြပါ

ချစ်သူအဆင့်နဲ့ရပ်မနေဘူးဆိုရင်
အနာဂတ်ရှိရပါမယ်
အနာဂတ်အစီအစဉ်စွဲနေရတာ အရမ်းပျော်ဖို့ကောင်းပါတယ်

#တစ်နေ့ပွင့်ရမယ်ဆိုတဲ့_အသိနဲ့ပန်းပင်လေးကိုရေလောင်းနေချင်းဟာ
#ဥယျာဉ်မှူးတစ်ယောက်ရဲ့_ပျော်ရွှင်မှုပါပဲ ။

¤¤¤¤¤

၇ - သစ္စာကိုတည်ဆောက်ပါ

အရမ်းလိုအပ်ပါတယ်
ကတိတွေတောင်းပါ သစ္စာတွေကိုအတူတူစိုက်ထူပါ

#အမြစ်သန်မှ_အရွက်ဝေတာပါ ။

¤¤¤¤¤

၈ - သူအထင်ကြီးအောင်နေပါ

ချစ်တယ်ဆိုတာ အထင်ကြီးလေးစားမှုလိုပါတယ်
ကိုယ်ကျင့်သိက္ခာ ၊ အတွေးအခေါ် ၊ အရည်အချင်း တခုခုပေါ့ ။

#လိုချင်တဲ့အရာတိုင်းဟာ_တန်ဖိုးရှိနေတော့ပိုကောင်းတာပေါ့ ။

¤¤¤¤¤

၉ - မာနတွေလျော့ပါ

မရှိသလောက်ကို ထားပါ
အရမ်းအန္တရာယ်ကြီးလို့ပါ

#ဓားရိုးက_ဆုပ်မိရင်ရန်သူကိုခုတ်လို့ရပေမယ့်
#ဓားသွားဘက်က_ဆုပ်မိတဲ့အခါမမျှော်လင့်တာတွေဖြစ်လာနိုင်ပါတယ် ။

¤¤¤¤¤

၁၀ - ပွင့်လင်းမြင်သာမှုရှိပါ

ကိုယ်လုပ်သမျှ သူသိနေပါစေ
ချစ်သူမသိစေချင်တဲ့ကိစ္စမျိုးကိုလည်း မဆောင်ရွက်ပါနဲ့

#အမှိုက်ကစ_ပြဿာ ဒ်မီးလောင်နိုင်ပါတယ် ။

¤¤¤¤¤

#နိဂုံး
ချစ်သူတွေဖြစ်လာရင် ကိုယ့်ကိုပိုချစ်စေချင်ကြပါတယ်
ကိုယ်ကလည်း ပိုချစ်ချင်ကြပါတယ်
ဒါပေမယ့် နားလည်မှုတွေနဲ့ တခြားလိုအပ်ချက်တွေကြောင့်
မပွင့်လင်းကြတာကြောင့် သံသယတွေကြောင့် အချစ်တွေက အသီးအပွင့်မဖြစ်ထွန်းပဲ ဖြစ်နေတတ်ပါတယ် ။

သင့်နှလုံးသားကို သင်ဂရုစိုက်ပါ
ကိုယ့်နှလုံးသားကို ကိုယ်မထိန်းသိမ်းမစောင့်ရှောက်နိုင်သူသည်
အကြီးမားဆုံးဆုံးရှုံးမှုကြီးဖြင့် ကြုံရလိမ့်မည် ။

Ulay Kyi (ကိုလင်း)
Powered by Blogger.