ရွေးကောက်ပွဲရလဒ်အတွက် စည်းစည်းလုံးလုံးနဲ့ သတ္တိမွေးကြဖို့ ကိုမင်းကိုနိုင် တိုက်တွန်း

ပြည်သူတွေအနေနဲ့ မိမိတို့ မကြိုက်တဲ့အစိုးရကို ဖြုတ်ချနိုင်ဖို့အတွက် စည်းလုံးညီညွတ်ပြီး သစ္စာရှိဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ် မုဒုံမြို့နယ်က မြို့မ ၁ ရပ်ကွက်မှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက် ပွဲ အောင်နိုင်ရေးဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။

"၁၉၈၈ ခုနှစ်မှာ သမ္မတ ၃ ဆက်ကို တောက်လျှောက်ဖြုတ်ချခဲ့တာ ဟောဒီ့ပြည်သူတွေ၊ ကျနော်တို့မှာ အာဏာ မလိုဘူး လက်နက်မလိုဘူး ငွေကြေးချမ်းသာဖို့မလိုဘူး၊ ညီညွတ်ကြဖို့ သတ္တိရှိကြဖို့ စည်းလုံးဖို့ပဲလိုတယ်၊ သစ္စာရှိဖို့လိုတယ်၊ ငါထည့်လိုက်တဲ့ မဲတစ်ပြားက ဘယ်သူမှမသိပါဘူး၊ ငါတစ်ယောက် ဖောက်ပြန်လိုက်မယ်၊ ငါ့ကို ပိုက်ဆံပေးတဲ့ စည်းရုံးသွေးဆောင်ထားတဲ့သူတွေဘက် ပါလိုက်မယ်လို့ တစ်ယောက်က သစ္စာဖောက်သွား လို့ရှိရင် နောက်လူတွေပါဖောက်သွားရင် ကျဆုံးလိမ့်မယ်၊ ငါဘယ်တော့မှ မဖောက်ပြန်ဘူး၊ ပေးရင်တော့ယူမယ် ဒါပေမဲ့ ငါမှန်ကန်တဲ့ဘက်ကပဲနေမယ်၊ တရားမျှတတဲ့ဘက်ကပဲနေပြီးတော့ သစ္စာရှိရှိ ဒီမိုကရေစီဘက်ကိုပဲ မဲပေးမယ်ဆို အောင်ပြီသာမှတ်ပါ"

ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ရလဒ်ကို လက်မခံဘဲ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အဖြစ်အပျက်တွေ ရှိလာမယ်ဆိုရင် ပြည်သူတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်နိုင်ရေးအတွက် သတ္တိမွေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မဲဆွယ်ပွဲကို ပါတီဝင် နှစ်ထောင်ခန့် တက်ရောက်ခဲ့ပြီး လူရွှင်တော် ငြိမ်းချမ်းနဲ့အဖွဲ့က ဖျော်ဖြေခဲ့ပါတယ်။

မဲဆွယ်ဟောပြောပွဲအပြီးမှာ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေဟာ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။

မုဒုံမြို့နယ်မှာ အန်အယ်လ်ဒီပါတီက ဦးစောထွန်း၊ ဒေါ်မြသိဂီ င်္မော်နဲ့ ဦးမျိုးထွန်းတို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက လက်ရှိ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် ဖြစ်ပါတယ်။

မုဒုံမြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော်ရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့အပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်ရဲ့ ဟောပြောချက်တွေထဲက တချို့ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက ကောက်နှုတ် တင်ပြထားပါတယ်။

ရန်ကုန်မြို့အတွင်း မနေ့ကစပြီး ကြိုတင်မဲပေးကြရာမှာ မဲလက်မှတ်တွေအပေါ် အမှန်ခြစ်တာတွေ၊ တံဆိပ်တုံးထု သူတွေ ရောထွေးနေလို့ အငြင်းပွားတာတွေ ပေါ်ပေါက်နေပါတယ်။ မဲရုံတွေက တာဝန်ရှိသူတွေကိုယ်တိုင် ဘယ်လိုဖြေရှင်းရမယ် မသိဖြစ်နေတယ်လို့ မဲသွားပေးသူတွေက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာ ကိုယ်တိုင်ကြိုတင်မဲသွားပေးခဲ့တဲ့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက လက်ရှိအစိုးရနဲ့ လာမယ့်ရွေးကောက်ပွဲပေါ်မှာ အများပြည်သူတွေရဲ့ အမြင်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီး နှစ်မြို့မှာ စစ်တမ်းကောက်ယူထားပါတယ်။

============

RFA Burmese

http://www.rfa.org/burmese/news/minkonaing-urges-people-unity-courage-elections-result-10312015113942.html
Powered by Blogger.