ရေချိုးနေစဉ်အတွင်း ဖုန်းအသုံးပြုခြင်း သတိပြု

Evgenia Sviridenko အမည်ရှိ အသက် ၂၄ နှစ်ရှိတဲ့ အမျိုးသမီးဟာ အားသွင်းရင်း တန်းလန်းရှိနေတဲ့ သူမ iPhone ကို ရေချိုးနေစဉ် ရေထဲလွတ်ကျပြီးနောက် သေဆုံးခဲ့ပါတယ်။ ယင်းမတော်တဆဖြစ်ပွားတဲ့အချိန်မှာ VKontakte (ရုရှား ဖေ့ဘွတ်ခ်ဗားရှင်း အဖြစ်သိရတဲ့)ကနေ လူမှုမီဒီယာပေ့ခ်ျကြည့်ရှုဖို့အတွက် Sviridenko က သူမဖုန်းကို အသုံးပြုနေချိန်ဖြစ်ကြောင်း Daily Mail သတင်းအရသိရပါတယ်။
ရေထဲပြုတ်ကျပြီး နောက်ပိုင်းမှာတောင် Sviridenko ရဲ့ iPhone 4 ဟာ အလုပ်လုပ်လည်ပတ်နေသေးတယ်လို့ ယူဆကြောင်း။ သူမ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့တဲ့အကြောင်း ဖော်ပြထားတဲ့ အလိုအလျောက် အသိပေးချက်တစ်ခုဟာ Sviridenko ရဲ့ VKontakte page မှာပေါ်နေကြောင်း။ ၄င်းအားသွင်းကြိုးဟာ ရေစိုထိတာနဲ့ လည်ပတ်မှု ချက်ချင်း ရပ်တန့်အောင် စီမံဆောင်ရွက်ထားတဲ့ Apple ရဲ့လိုင်စင်ရ ထုတ်ကုန်ပစ္စည်း အစစ်အမှန် ဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း Mirror သတင်းအရဆိုပါတယ်။
Ref: Cosmopolitan
credit to ဒီနေ့ ပဲခူး
Powered by Blogger.