ဒီနေ့ငါနဲ့ မနက်ဖြန်ငါ

လူတိုင်းမှာ အိပ်မက် ကိုယ်စီတော့ ရှိကြစမြဲပါ အချို့က မိမိအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ် အချို့ကတော့ အိပ်မက်တောင် မမက်ကြသေးဘူး ဒါပေမယ့် သူတို့ ဘယ်အရာကို ထူးချွန်အောင်ဖြစ်အောင်လုပ်မလဲသာ မတွေးရသေးတာပါ ဖြစ်ချင်တာလေးတွေတော့ ကိုယ်စီ ရှိကြစမြဲပါ..... မျော်လင့်ချက်နဲ့ အသက်ရှင်နေကြသူတွေချည်းပါပဲ ... မျော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ လက်မှိုင်ချပြီး ဝမ်းနည်းကြေကွဲပြီး ပြေးနေဆဲ လမ်းကြောင်းကနေ သွေဖယ်သွားကြတာလည်း အများကြီးပါ.... မျှော်လင့်ချက်တွေ ဖြစ်လာအောင်လုပ်ရမှာ ကိုယ့်တာဝန် ဖြစ်မလာသေးရင်လည်း ငါ့အရည်အချင်းနဲ့ ငါမျှော်လင့်ထားတာ မထိုက်တန်သေးလို့သာမှတ်ပြီး လိုအပ်တဲ့ အရည်အချင်းကို စိစစ်သုံးသပ်ပြီး ဘယ်နေရာတွေမှာ ငါ့ပြုမူဆောင်ရွက်ချက်တွေ အားနည်းသလဲ ကိုယ့်ကိုယ်ကို အကဲဖြတ် အမှတ်ပေးရပါမယ် No man is perfect ဆိုသလို လူတိုင်းအားလုံးပြည့်ပြည့်စုံစုံ ကောင်းမွန်မနေပေမယ့် ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်မယ့် လမ်းကြောင်းကိုတော့ အကောင်းဆုံးဖြစ်အောင် လျှောက်ရမှာပါ.... ဘဝဆိုတာ တက်ကျမ်းစာအုပ်တွေထဲကလောက် မလွယ်ကူပေမယ့် ကိုယ့်အားနည်းချက်တွေများစွာရှိလို့ပဲ ခံယူထားပါ ဒီနေ့ငါနဲ့ မနက်ဖြန်ငါ ယှဉ်ပြိုင်မှုက နေ့တိုင်း အကဲဖြတ်ရမယ့်အရာတစ်ခုပါ

အောင်ကျော်ခိုင်
#PannPwint
Powered by Blogger.