တကယ်လို့နောင်ဘဝသာရှိခဲ့မယ်ဆိုရင်

...

ငါ...

နင့်စိတ်ကိုနားလည်တဲ့သူမလုပ်ဘူး၊

နင့်ချစ်သူလည်း မလုပ်ဘူး၊

နင့်မိန်းမလည်းမလုပ်ဘူး၊

နင့်ရဲ့ ဘယ်သူမှ မဖြစ်ချင်ဘူး၊

နင်ပိုင်တဲ့ ဖုန်းတစ်လုံးလေးပဲဖြစ်ချင်တယ်....

အဲဒီလိုဆို

နင်နေ့တိုင်း ငါ့ကို နင့်လက်ထဲမှာဆုပ်ကိုင်ထားမယ်၊

နင့်ပါးပြင်မှာ ငါ့ကိုအပ်ထားမယ်၊

နင့်နှုတ်ခမ်းလေးနဲ့ ကပ်ပြီး စကားလေးတွေပြောပြမယ်၊

ဘယ်သွားသွား ငါ့ကို တစ်ပါတည်းခေါ်သွားမယ်၊

ငါကနင့်ကို ကပ်နေတာမဟုတ်ဘူး၊

နင်က ငါ့ကိုခွာလို့မရတာ...

ငါ အားနည်းတဲ့အခါ နင်စိတ်ပူမယ်၊

ငါ အောက်ပြုတ်ကျသွားရင် နင် နေမထိ ထိုင်မသာဖြစ်မယ်၊

ဘယ်နား နာသွားလဲဆိုပြီး ပတ်ချာလည်ကြည့်မယ်၊

တစ်နေ့ကို ၆နာရီလောက်အမြဲတမ်း အကြည့်ချင်းဆုံမယ်၊

မအိပ်ခင် နောက်ဆုံးအကြည့် တစ်ချက်ကြည့်မယ်၊

အိပ်ရင်လည်း ဘေးမှာထားအိပ်မယ်...

နိုးလာရင် ပထမဆုံးအကြည့်တစ်ချက်ကြည့်မယ်၊

ငါက နင့်ရဲ့ အရာရာကို သိနေတဲ့သူဖြစ်နေမယ်၊

နင့်အကြောင်းအကုန်နားလည်တဲ့သူဖြစ်နေမယ်။

တစ်နေ့...

နင်ငါ့ကို ဘယ်မှာမေ့ထားခဲ့သလဲဆိုပြီး

အရပ်လေးမျက်နှာမှာ အပူတပြင်းလိုက်ရှာမယ်...

ဟားဟ...

ဘယ်လောက်တောင်မှကံကောင်းလိုက်တဲ့ငါလဲ..!!!!

credit ; Ei Yadanar
Powered by Blogger.