နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် သဘာဝအဆုတ်သန့်ဆေး


နှစ်ရှည်ကြာ ဆေးလိပ်သောက်သူအများစုဟာ ချောင်းဆိုးရင်ကျပ်နာ သို့မဟုတ် အတောမသတ်နိုင်တဲ့ ချောင်းဆိုးဝေဒနာကို ခံစားကြရပါတယ်။
ဒါကို နေ့စဉ်နဲ့အမျှ အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။
-
လိုအပ်သောပစ္စည်းများ
-
ကြက်သွန်နီ (၁) ကီလို
ရေ (၁) လီတာ
သကြားအညို (၄၀၀) ဂရမ်
နနွင်း လက်ဖက်ရည်ဇွန်း (၂) ဇွန်း
စိတ်စိတ်လေးလှီးထားတဲ့ ဂျင်း
-
သကြားကို ရေနဲ့ရောပြီး မီးဖိုပေါ် ကျိုချက်ပေးပါ။ ဂျင်း၊ နနွင်းနဲ့ ကြွက်သွန်နီအခွံခွာ၊ ခလယ်ကနေလေးပိုင်းပိုင်းပြီး ရောထည့်ပါ။
ရေစတင် ဆူပွက်လာရင် မီးအပူရှိန်လျော့ပါ။ ရေထက်ဝက်လောက်ခန့် လျော့လာသည့်အထိ ချက်ပေးပါ။ အားလုံးပြီးဆုံးသွားပြီဆိုရင် အရေစစ်ထုတ်ပြီး ဖန်ခရားထဲ ပြောင်းထည့်ပါ။ အေးလာတဲ့အခါကျရင် ခရားကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
-
အဲဒါကို မနက်တိုင်း အစာလုံးဝ မစားခင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ညနေစာမစားခင် (၂) နာရီကြိုတင်ပြီး စားပေး သင့်ပါတယ်။
(ကျန်းမာရေးအတွက်ဆေးတစ်ခွက်)
သက်ရှည်ကျန်းမာ
#ဆေးနည်း
Powered by Blogger.