ပဲရစ်အြကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အနည်းဆုံး လူ ၁၂၀ ဦး သေဆုံး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် အနည်းဆုံး လူ ၁၂၀ ဦး သေဆုံး
+++++++++++++++++++++++++++++++++++++++++
ပဲရစ် နိုဝင်ဘာ ၁၄    ။    ။ သောကြာနေ့တွင် ပဲရစ်မြို့ တခွင်၌ သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်မှုနှင့် ပြင်သစ်-ဂျာမနီ ဘောလုံးပွဲ ကျင်းပ နေသည့် အမျိုးသား ကဇာတ်ရုံအပြင်ဘက်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ ၁၂၀ ဦး သေဆုံးကြောင်း သိရသည်။

ရဲများ၏ အဆိုအရ ပဲရစ်မြို့ အရှေ့ပိုင်းတွင်ရှိသောဘက်တာကလမ် ဖျော်ဖြေ ပွဲခန်း မတွင် လူ ၁၀၀ ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း၊ အဆောက် အဦးသို့ ရဲများက စီးနင်းမ၀င်ရောက်ခင် ရော့ခ်ဖျော်ဖြေပွဲကို တက်ရောက် လာကြသူများအား တစ်ယောက်ပြီး တစ်ယောက် ပစ်သတ်ခဲ့သည် ဟုဆိုသည်။

မျက်မြင်သက်သေတစ်ဦး၏အဆိုအရ တိုက်ခိုက်သူတစ်ဦးက အာရဗီဘာ သာဖြင့် “ဘုရားသခင်သည်သာ အမြင့်မြတ်ဆုံး” ဟု အစောပိုင်းတွင်း ဟစ်ကြွေး ခဲ့ကြောင်း၊ အမေရိကန် ရော့ခ် ဂီတအဖွဲ့ Eagles of Death Metal အဖွဲ့ ဖျော်ဖြေနေသော ပရိသတ် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် စစ်သွေးကြွတိုက်ခိုက်မှုများမှ ပြန်လည် နလန်ထစပြုလာသော  ပဲရစ်မြို့တစ်ခွင် နေရာ ၇ ခုတွင် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့သည်။

Ref : CNA,BBC
#Photo - #AFP ,#Reuters , #BBC



PannPwint
Powered by Blogger.