ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမယ့် နည်းလမ်းများ


လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဆံပင်ပြသနာတွေကို ရင်ဆိုင်ရသူ နှစ်ဆ ပိုများခဲ့ပါတယ်။ အစားအသောက် အလေ့အကျင့် မမှန်ခြင်းကြောင့် ကမောက်ကမဖြစ်ကာ ဆံပင်ကို ပိုပြီး ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာဟာ ခေတ်မီလူနေမှုစရိုက်ရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ဆံပင်မကျွတ်အောင် ကာကွယ်ပေးမယ့် နည်းလမ်းအချို့ရှိပါတယ်။
· အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ စည်သွတ် သို့်မဟုတ် ဗူးဖြင့် ထည့်သိမ်းထားတဲ့ အစားအစာများနဲ့ အချိုရည်များ မသုံးဆောင်ပါနဲ့။
· ဘဝမှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုကို လျော့ချပါ။ စိတ်ဖိစီးမှုက ဆံပင်ကျွတ်ခြင်း ဖြစ်စေပါတယ်။ စိတ်ကို ပျော်ပျော်ထားပါ။
· ဆံပင်ကို Johnson Baby Shampoo ကဲ့သို့ သာမန် pH Shampoo နဲ့သာ လျှော်ပါ။ စူးရှတဲ့အပြင်းစားခေါင်းလျှော်ရည်တွေ မသုံးပါနဲ့။ ခေါင်းကို ရက်ခြားပြီး လျှော်ပါ။
· မိုးတွင်းဆိုရင်လည်း ခေါင်းကို ရက်ခြားပြီးတော့ပဲ conditioner သုံးပေးပါ။
· ဆံပင်ကို မတရားပူတဲ့ အပူနဲ့ မထိပါစေနဲ့။ ဥပမာ ဆံပင်အခြောက်ခံစက်၊ ဆံပင်အဖြောင့်ဆွဲစက် စတာတွေဟာ ဆံပင်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။
· ဆံပင်ကို မခြောက်မဘဲ ခေါင်းမဖြီးပါနဲ့။
ဗောက်၊ ဒက်တွေ မရှိအောင် ဂရုစိုက်ပေးပါ။ ဦးရေပြားကို ကျန်းမာနေအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။
Ref: Indiatimes
Trend myanmar
Powered by Blogger.