ပေကျင်းမြို့တွင် စံချိန်တင်အေးခဲမည့် အရိပ်လက္ခဏာများ မြင်တွေ့


ပေကျင်းမြို့သူမြို့သားများသည် လာမည့် သီတင်းပတ်အတွင်း နိုဝင်ဘာလအတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ် အထိရောက် ရှိနိုင်သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

နိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ ယခု နိုဝင်ဘာလသည် ဆယ်စုနှစ် ၆ ခုခန့်အတွင်း အအေးဆုံး နိုဝင်ဘာလဖြစ်သည်ဟုဆိုသည်။

ပေကျင်းမြို့တွင် နာမည်ကျော် ကမ္ဘာလှည့် ခရီးသွားများအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်သည့် တားမြစ်မြို့တော် ကဲ့သို့ပင် စောစီး စွာ နှင်းမုန်တိုင်းများ ရှားရှားပါးပါး တိုက်ခတ်ခဲ့သည့်အတွက် ပြီးခဲ့သည့် သီတင်းပတ်ကုန်အပိုင်းမှ စတင်ကာ နှင်းများထူထဲစွာ ကျဆင်းခဲ့သည့်အတွက် အံ့သြသင့်ခဲ့ကြသည်။

ပေကျင်းမြို့ မိုးလေ၀သ လေ့လာစောင့်ကြည့်ရေးဌာနက ကြာသပတေးနေ့နှင့် သောကြာနေ့မနက်တွင် အပူချိန်သည် အနှုတ် ၁၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ထိုအပူချိန်သည် ပေကျင်းမြို့တွင် နိုဝင်ဘာလအတွက် လွန်ခဲ့သော ၄၅ နှစ်အတွင်း စံချိန်တင် အနိမ့်ဆုံး အပူချိန် ဖြစ်လာမည်။

Ref : CNA

#Democracytoday
Powered by Blogger.