ဦးနှောက်ထက်မြက်စေမယ့် နည်းလမ်း- ၁ဝ မျိုး

တင်ထက်ထက်ဇော်

ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာနဖြစ်တာကြောင့် အင်မတန်မှရှုပ်ထွေးတဲ့ အင်္ဂါအဖွဲ့အစည်းတစ်ခု ပါပဲ။ ဦးနှောက်ကျန်းမာဖို့ အရေးကြီးသလို ထက်မြက်တဲ့ ဦးခေါင်းပိုင်ရှင်ဖြစ်ချင်ကြတာ လူသားတိုင်းရဲ့ဆန္ဒပါ။ ဦးနှောက်ကျန်းမာ နေမှသာ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေ အပြင် Alzheimer (ခေါ်) အရွယ်မတိုင်ခင် ဦးနှောက်ဇရာအကြိုရောဂါတွေပါ ဖြစ်မလာစေနိုင်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထက်မြက်စေဖို့ အောက်ပါနည်းလမ်း ၁ဝ သွယ်ဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြည့်စေလိုပါ တယ်။
(၁) တစ်နေ့ကို အနည်းဆုံး ရှစ်နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် အောင် အိပ်ပါ။ အိပ်ရေး မဝခြင်းက မှတ်ဥာဏ်စွမ်းရည် ကျဆင်းခြင်း၊ ကိုယ်ခံစွမ်း အားကျဆင်းခြင်း၊ ဆီးချိုအမှတ်(၂)ဖြစ်လာခြင်း၊ ဆူညံသံတွေမခံစားနိုင် တော့ဘဲ အကြားအာရုံချို့ယွင်းလာခြင်း၊ မကြာခဏ သန်းဝေငိုက်မျဉ်းကာ လန်းဆန်းမှုမရှိခြင်း၊ ခေါင်းကိုက်၍ မျက်စေ့ အမြင်ဝေဝါးခြင်း၊ စိတ်မရှည်ဘဲ အလိုလို ဒေါသထွက်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်တော့ဘဲ နှလုံးရောဂါဖြစ်ခြင်း၊ ကိုယ်အပူချိန်ကျဆင်းလာခြင်း၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ အသားအရေပျော့တွဲ အရောင်မွဲလာခြင်း၊ ဂယောင်ချောက်ချားဖြစ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ဘဲ ဆုံးဖြတ်ချက်တွေ မှားယွင်းလာခြင်း စသည့် နောက်ဆက်တွဲဝေဒနာတွေ ခံ
စားရနိုင်ပါတယ်။

(၂) ဦးနှောက်ကို အလုပ်လုပ်ခိုင်းတာက ထက်မြက်လာစေမယ့် လေ့ကျင့်ခန်း
တစ်ခုပါ။ လူကိုအပျင်းပြေစေပြီး၊ ပျော်စရာလည်းကောင်းတဲ့Scrabble,
Chess, ဥာဏ်စမ်း ပဟေဠိဝှက်ခြင်း၊ Crosswords, Sudoku စတဲ့ ဦးနှောက်လေ့ကျင့်ခန်းလေးတွေ မကြာခဏဆော့ကစားပေးပါ။

(၃) တွေးခေါ်ကြံဆပြီး နည်းလမ်းရှာရတဲ့ သင်္ချာပုစ္ဆာလေးတွေ၊ စာရင်းအင်းပညာ တွေကို အဖြေညှိကြည့်ပါ (သို့မဟုတ်) လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်ခန့်က မိမိစားခဲ့သောဟင်းအမျိုးအမည်၊ ဝတ်ဆင်ခဲ့သော အဝတ်အစားအရောင်၊ တွေ့ဆုံခဲ့သောသူတွေအကြောင်းကို အချိန်ယူ ပြန်လှန်စဉ်းစားရင်း ဦးနှောက်ကို အလုပ်ပေးပါ။

(၄) ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ ဖက်တီးအက်ဆစ်၊ ဖောလစ်အက်ဆစ်တွေက ဦးနှောက်ကို ခွန်အားဖြစ်စေပါတယ်။ ဦး
နှောက်ကိုအားပြုစေတဲ့ အစားအစာ များမှာ သောက်ရေသန့် ၊ မက်မွန်သီး
(အစိမ်း)၊ ပန်းသီး၊ ထောပတ်သီး၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ချိုသော အနက် ရောင်ဘယ်ရီသီးနှင့် အနီရောင်ချဉ်သော ဘယ်ရီသီးများ၊ ချယ်ရီသီး၊ ဂရိတ်
ဖရု၊ ကီဝီ၊ သံပရာ၊ သံလွင်ဆီ၊ လိမ္မော်၊ စပျစ်၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်၊
မျောက်ဥ၊ ကြွေဥ၊ ဝဥ၊ ကန်စွန်းဥ၊ ပဲပင်ပေါက်၊ ရှောက်၊ သံပယို၊ သစ်
တော်၊ ဇီးသီး၊ ဇီးယို၊ တင်လည်းသီး၊ ရက်စ်ဘယ် ရီ၊ ဒေါက် ခွရွက်၊ သစ်ကြား၊ ဆန်၊ ဂျုံ၊ ဆပ်၊ လူး၊ ရွှေဖရုံသီးနှင့်အစေ့၊ ကလျာဏီပင်၊ ဝက်သစ်ချ၊ ပင်စိမ်းရွက်၊ စပျစ်ခြောက်၊ ကညွတ်၊ မတ်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ငရုတ်ချိုသီး၊ သကြား၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ အဆီနည်း ချိစ်၊ မချိုသောဒိန်ချဉ်၊ ကိုကိုးမှုန့်နှင့်ပြုလုပ်ထားတဲ့ ချောကလက်အနက်ရောင်၊ အစိမ်းရောင်လက်ဖက်ရည်၊ တို့ဟူး၊ တူနာငါး၊ အရေခွံမပါသော ကြက်သား၊ အဖြူရောင်ကြက်ဥ၊ ငါးကြီးဆီ၊ ပျားရည်၊ အရေခွံမပါသော ဘဲငန်းသား၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝသော ငါးများ စသည်တို့ဖြစ်ကြပါတယ်။

(၅) လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်စတဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေက သွေးလည်ပတ်မှု
အားကောင်းစေတာကြောင့် ဦးနှောက် အရည်အသွေးကို တိုးတက်လာစေပါ
တယ်။ ဒါ့ပြင် လူကိုစိတ်အပန်းပြေစေပြီး၊ တွေးခေါ်ဥာဏ်စွမ်းရည် မြင့်မား
စေပါတယ်။ (တရားထိုင်၊ တရားမှတ်ခြင်းကို နေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်။)

(၆) လုံးဝမတူညီတဲ့ ဘာသာစကားများ ဖြစ်ကြတဲ့ ဥပမာ- အင်္ဂလိပ်နဲ့  ဂျပန်ဘာ သာကို တစ်ပြိုင်တည်း လေ့လာသင်ယူကျက်မှတ် ပြောဆိုခြင်းက ဦး
နှောက်ကို အလုပ်လုပ်စေလို့  ဥာဏ်ရည်ထက်မြက်စေတဲ့ နည်းလမ်းကောင်းများဖြစ်ကြ ပါတယ်။

(၇) သတင်းစာ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ကဗျာ၊ အင်တာနက်သတင်းများ စသည်ဖြင့်
ဗဟုသုတရဖွယ်ရာ စာပေအမျိုးမျိုးတို့ကို ဖတ်ရှုလေ့လာပြီး၊ မိမိနှစ်သက်
တဲ့စာသားတွေကို မှတ်စုရေးသားပြုစု ကာ မကြာခဏပြန်လည်ဖတ်ရှုခြင်းက ဦးနှောက်ဆဲလ်များကို ကောင်းစွာ အလုပ်လုပ်စေပါတယ်။

(၈) ဦးနှောက်လန်းဆန်း တက်ကြွစေဖို့တစ်နေ့လျှင် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ အနည်းဆုံး တစ်ခွက်မျှသောက်ပေးပါ။ (လက်ဖက်ရည်၊ ကော်ဖီ နေ့စဉ် သောက်သုံးသူတွေဟာ လုံးဝမသောက်သူတွေထက် ဦးနှောက် ကင်ဆာဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ် မှာ ဖော်ပြအကြံပြုထားပါတယ်။)

(၉) ပီကေဝါးစားခြင်းက ဦးနှောက်နဲ့ အာရုံကြောတွေကိုကောင်းစွာလှုံ့ဆော်ပေးပါတယ်။

(၁ဝ) အထက်ပါ ဦးနှောက်ထက် မြက်လာစေမယ့် အလေ့အကျင့်ကောင်းတွေကို လေ့လာလိုက်စားရင်း ဦးနှောက်အားရှိစေမယ့် အစားအစာတွေ စားသောက်နေထိုင်သော်လည်း သိသိသာသာ တိုးတက်မှုမရှိဘဲ ထုံထိုင်း၊ မေ့လျော့ခြင်းနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ရင် ဆေးဝါးကုသမှုခံယူပါ။ (ဦးနှောက်ဟာ လူတစ်ဦးတစ်ယောက်အတွက် လွန်စွာအရေးပါပြီး၊ ထိခိုက်ပျက်စီးတဲ့အခါ ကြီးမားတဲ့ဆုံးရှုံးမှုကိုဖြစ်စေတာမို့ မပေါ့သင့်ပါဘူး။)

(Ref; Useful Info and Health Tips)
Powered by Blogger.