တောင်တရုတ်ပင်လယ်တွင် အမေရိကန် ဗုံးကြဲလေယာဉ်တွေ ပျံသန်း


ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း  တရုတ်က တည်ဆောက်နေတဲ့ ကျွန်းတုတွေအနီးကို အမေရိကန် US B-52 ဗုံးကြဲလေယာဉ် နှစ်စီး ပျံသန်းခဲ့ကြောင်း အမေရိကန်ပင်တာဂွန် စစ်ဌာနချုပ်က ကြေညာပါတယ်။

တရုတ်မြေပြင်ရှိ  ထိန်းချုပ်ရေးစခန်းတွေက သတိပေးပြောကြားနေတဲ့ကြားက အခုလို ဆက်လက်ပျံသန်းခဲ့တာလို့ ဆိုပါတယ်။

အခုလို အမေရိကန် လေယာဉ်တွေကို ပျံသန်းစေမှုဟာ ရှေ့လာမယ့် သီတင်းပတ် မနီလာမြို့မှာ ကျင်းပမယ့် APEC  အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး မတိုင်ခင်  ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နေရာအများစုကို တရုတ်က သူပိုင်ဆိုင်တယ်လို့ ပြောဆိုနေမှုကြောင့်  အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။


Powered by Blogger.