စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးပေါ်တွင် ဗုံးခြိမ်းခြောက်မှု


အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့ မှ ထွက်ခွာလာသော စင်္ကာပူလေကြောင်းလိုင်း လေယာဉ်အမှတ် SQ001 ဟာ ဟောင်ကောင်မြို့ မှ တစ်ဆင့် စင်္ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ ယမန်နေ့ ၂၂.၁၁.၂၀၁၅ နေ့လည်ပိုင်းက သက်မှတ်ထားချိန်အတိုင်း ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့သော်လည်း လေယာဉ်ပေါ်တွင် ဗုံးပါလာတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ ခရီးသည်များအားလုံးကို လေယာဉ်ဆိုက်ရောက်ပြီးပြီးခြင်း ဆင်းသက်ခွင့် မပြုခဲ့ဘဲ လေယာဉ်ပေါ်တွင် အချိန် ၂ နာရီကြာ စစ်ဆေးပြီး မွန်းလွဲ ၂ နာရီခန့် အချိန်မှသာ လေယာဉ်ပေါ်မှ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။
ခရီးသည်များ အားလုံးကို လေယာဉ်နှင့် လေယာဉ်အဆောက်အအုံဂိတ်ဖြင့် ဆက်သွယ်ထားသော မိုးလုံလေလုံ Airbridge မှ မဆင်းခိုင်းဘဲ လေယာဉ်လှေကားကို အသုံးပြုပြီး နိုင်လွန်က္တရာခင်းထားသည့် လေယာဉ်ပြေးလမ်းပေါ်ကို ဆင်းခိုင်းခဲ့ရပါတယ်။ လေယာဉ်အမှတ် SQ001 ၏ ဘေးပတ်ပတ်လည်ကိုတော့ စင်္ကာပူရဲဌာနမှ လုံခြုံရေးယာဉ်များနှင့် လုံခြုံရေးရဲများက နေရာယူဝန်းရံထားကြပါတယ်။ အပိုထပ်ဆောင်း လုံခြုံရေးစစ်ဆေးမှုများကြောင့် ခရီးဆောင် ၀န်စည်စလယ်အိတ်များကိုလည်း နောက်ကျပြီးမှ ရွေးယူခဲ့ကြရတယ်လို့ သိရပါတယ်။ ပထမဆုံး ရောက်လာတဲ့ ခရီးဆောင်အိတ်ဟာ လေယာဉ် ဆိုက်ကပ်ပြီး ၃ နာရီကြာမှ ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။ ယခု ဗုံးခြိမ်းခြောက်မှု ဖြစ်ရပ်ဟာ လုံခြုံရေးကိစ္စရပ်များနှင့် သက်ဆိုင်နေတဲ့အတွက် တာဝန်ရှိသူများမှ ဖြစ်စဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားမထားသော်လည်း စင်္ကာပူလေကြောင်းလိုင်းကတော့ ဗုံးခြိမ်းခြောက်မှုဖြစ်ရပ်ဟာ အမှန်တကယ် ဖြစ်ပွားခဲ့တာပါလို့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။
စင်္ကာပူရဲဌာနကတော့ ဗုံးခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့တဲ့ ယခုဖြစ်စဉ်အတွက် သတင်းမှား ထွက်ပေါ်လာရာ မူရင်းသတင်း ဇာစ်မြစ်ကို လိုက်လံစုံစမ်းနေကြပါပြီ။

စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection
Powered by Blogger.