ကချင်ပြည်နယ် ထဲက ကျောက်စိမ်း တူးဖော်တဲ့ လုပ်ငန်းတွေ ရှိရာ

ကချင်ပြည်နယ် ထဲက ကျောက်စိမ်း တူးဖော်တဲ့ လုပ်ငန်းတွေ ရှိရာ ဖားကန့် နယ်ထဲမှာ နိုဝင်ဘာ ၂၁ ရက် စနေနေ့ မနက် လင်းအားကြီး ပိုင်း က စွန့်ပစ် မြေစာပုံ ပြိုကျ ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ရ ပါတယ်။

သေဆုံးသူ အများစု ဟာ ကျောက်စိမ်း တူးတဲ့ စီးပွားရေး ကုမ္ပဏီ တွေ က စွန့်ပစ်ထားတဲ့ မြေစာပုံကြီး ကနေ ရေမဆေး ကျောက်လို့ ခေါ်တဲ့ ကျောက်စိမ်း အစအန တွေ ကို လိုက်လံ ရှာ ဖွေ ကြသူတွေ နဲ့ အဲဒီ့ အနီးတဝိုက် ပျံကျ ဈေးဆိုင် တဲ တွေ ထိုးပြီး ရောင်းချ နေသူ တွေ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြိုကျရာ မြေစာပုံတွေ ကြားထဲ ကနေ သေဆုံးသူတွေ ရဲ့ အလောင်းတွေ ကို မနေ့ က တနေ့ လုံးလိုလို ပြန်လည် ရှာဖွေ ထုတ်ယူ ခဲ့ရပါတယ်။

ဖားကန့်နယ် ထဲ မှာ အခုလို ကုမ္ပဏီ တွေ ရဲ့ စွန့်ပစ် မြေစာပုံ ပြိုကျမှု တွေ ဟာ အခု နှစ် ထဲ မှာကို ၃ ကြိမ်ထက် မနည်း ဖြစ်ခဲ့ ဖူးပြီး အကြိမ်တိုင်းမှာ လည်း လူ အသအပျောက် ရှိခဲ့ ပါတယ်။

ကျောက်စိမ်း တူးတဲ့ ကုမ္ပဏီ ကြီး တွေ ဟာ မြေစာ တွေကို စနစ်တကျ မစွန့်ပစ် ဘူး ဆိုတဲ့ ဖားကန့် ဒေသခံ တွေ ရဲ့ အစဉ် အဆက် စွပ်စွဲ ဝေဖန် သံတွေ ရှိနေ ပါတယ်။


ဘီဘီစီ
Powered by Blogger.