ဆီးရီးယား နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်လာသော ရုရှားလေယာဉ်ကို တူရကီ ပစ်ချ

အစ္စတန်ဘူ နိုဝင်ဘာ ၂၄

တူရကီနှင့် ဆီးရီးယားနယ်စပ်တွင် တူရကီလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည့် ဂျက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း စစ်တပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ရုရှားကာကွယ်ရေး ၀န်ကြီး ဌာနကလည်း ၄င်းတို့၏ လေယာဉ် တစ်စင်း ပစ်ချခြင်းခံရကြောင်း ပြောသည်။ မဟာမိတ်များ ဖြစ်ကြသော ရုရှားနှင့် ဆီးရီးယားနိုင်ငံ နှစ်နိုင်ငံလုံးသည် ယင်းဧရိယာတစ်ဝိုက်တွင် တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။ ဆီးရီးယား စစ်တပ်ဘက် က အဆိုပါ ပစ်ချမှု သတင်းပေးပို့ချက်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

တူရကီ စစ်တပ်၏ အဆိုအရ အဆိုပါ လေယာဉ်သည် တူရကီလေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် အတွက် အကြိမ်ကြိမ် သတိပေးပြီးမှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက Su-24 အမျိုးအစား လေယာဉ်သည် တူရကီ လေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ လေယာဉ်မှုးသည် ထိုင်ခုံနှင့်အတူ လေယာဉ်မှ လွတ်ထွက်လာပြီးသည့်နောက် မြေပြင်သို့ လေထီးဖြင့် ခုန်ဆင်းလာခဲ့ကြောင်း ပြောသည်။

Ref : CNA
Powered by Blogger.