{ အဆင်ပြေပါတယ် }



နေကောင်းလားလို့ မေးတော့....
နေကောင်းတယ်ပဲ ဖြေဖြစ်ခဲ့ပါတယ်။

အဆင်ပြေရဲ့လား မေးတော့…
အဆင်ပြေတယ်ပဲ ဖြေဖြစ်ခဲ့ပါတယ်။

လွမ်းသေးလားလို့ မေးတော့ ရံဖန်ရံခါတော့…
သတိရမိတယ်ဖြေဖြစ်ခဲ့ပါတယ်။

နောက်တယောက်နဲ့ တွေ့နေပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ... ပြုံးရုံပဲပြုံးပြဖြစ်ခဲ့တယ်။

တခါတလေကျတော့ ကျနော်တို့ဟာ
ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို..
နာကျင်ရသည့်တိုင်အောင် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်
နေကောင်းနေပေမဲ့
စိတ်ကအချိန်အတော်ကြာပြန်ကုယူနေခဲ့ကြရတယ်။

အဆင်ပြေနေတယ်ထင်ရပေမဲ့..
မနည်းတည်ငြိမ်အောင်ပြန်ကြိုးစားနေခဲ့ရတယ်။
နင့်နင့် နဲနဲ လွမ်းနေခဲ့ရပေမဲ့
မသိချင်ယောင်ပဲဆောင်နေခဲ့ရတယ်။

ကိုယ့်ကိုချစ်တဲ့လူတွေရှိလာခဲ့ပေမဲ့
သူ့နေရာကို အစားမထိုးနိုင်ပဲဖြစ်နေပြန်တယ်။
ကိုယ်ခံစားခဲ့ရတဲ့ ခံစားချက်အမှန်ကို
သူတို့ရှေ့မှာမြိုသိပ်ဟန်ဆောင်ခဲ့ကြတယ်။

ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို
ကိုယ်နာကျင်ခံစားရတာတွေပြောပြနေလို့လဲ
ဘာမှထူးလာမှာမှ မဟုတ်ပဲ။

အဲဒီတော့...ဘာမေးမေး
အဆင်ပြေပါတယ်ဆိုတဲ့...အဖြေဟ
သူနဲ့ကိုယ်ကြား အကောင်းဆုံး
တုံ့ပြန်မှု့တစ်မျိုးပါပဲလေ.... ။ ။

{ ကောင်မလေးရဲ့ကောင်လေး }
Powered by Blogger.