အဖြေပေါ်ပြီ


လယ်တီဆရာတော်ဘုရားကြီး က တနေ့ ကျရင်
ဗုဒ္ဓဘာသာဟာ ထိပ်ကိုရောက်လိမ့်မယ် တဲ့
မိုးညှင်းဆရာတော်ဘုရားကြီးဟာလည်း တနေ့ ကျရင် ရဟန္တာတွေ လှိုင်လှိုင်ပေါ်ဦးမယ်တဲ့
စွန်းလွန်းဆရာတော်ဘုရားကြီးကလည်း
တနေ့ ကျရင် မဂ်ဖိုလ်ရသူတွေ အများကြီး
ပေါ်လာမှာတဲ့
အရိယာတို့ မည်သည် မသိတာကို ပြောရိုးထုံးစံ
မရှိဘူးတဲ့
အိုင်းစတိုင်းတို့  ကိုင်ရိုတို့ ကလည်း တနေ့ ကျရင်
ဗုဒ္ဓဘာသာတခုပဲ ကျန်ခဲ့မယ်လို့ ဟောခဲ့ဘူးတယ်
အရင်တုန်းက တခုစဉ်းစားမိတယ်
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာက အနည်းငယ်ပဲရှိတယ်
ကျန်တဲ့ဘာသာတွေက အင်အားကြီးမားတယ်
စည်းလုံးညီညွတ်တယ် လူတိုင်း လူတိုင်း တက်ညီ
လက်ညီနဲ့ သူတို့ ဘာသာ ကျယ်ပြန့် အောင် သာသနာ ပြုကြတယ်
ဗုဒ္ဓဘာသာဝင်နိုင်ငံမှာက
ငြင်းခုန်နေကြတုန်း
အချိန်ဖြုန်းနေကြတုန်း
ဒီပုံစံနဲ့  ဗုဒ္ဓဘာဟာ ကမ္ဘာမှာ ဘယ်လိုများ
နံပါတ် တစ်ဖြစ်နိုင်မလဲ ဆိုပြီး စဉ်းစားဘူးတယ်
အဲဒီတုန်းက အဖြေ မထွက်ခဲ့ဘူး
အခု တော့
အဖြေထွက်ပြီ
လေးအသင်္ချေ ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်သာသနာတော်ဟာ လွယ်လွယ်နဲ့ တော့
ပျက်ရိုးထုံးစံမရှိပါဘူး
အခု ဘာသာခြားတွေ အချင်းချင်း ပဋိပက္ခဖြစ်နေကြပြီ
တကယ့်ဘာသာကြီးနှစ်ခု ထိပ်တိုက်တွေ့ နေပြီ
တချိန်က ခရူးဆိတ် စစ်ပွဲဟာ အဲဒီအင်အားကြီး
ဘာသာကြီးနှစ်ခု တိုက်ခဲ့တာနှစ်ပေါင်း နှစ်ရာကျော် ကြာခဲ့တယ် အရှုံးအနိုင်မပေါ်လို့ 
နားလည်မှု့နဲ့ နောက်ဆုတ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ သာသနာပြန်ပြုနေကြတာ
အဲဒီအချိန်က စစ်လက်နတ်တွေမဖွံ့ ဖြိုးခဲ့လို့ 
နှစ်ပေါင်းကြာမြှင့်ပေမဲ့ ထိရောက်တဲ့ အနိုင် အရှုံး
ပျက်စီးမှု့ မရှိခဲ့ဘူး
အခု ခေတ်အခြေအနေနဲ့ သာ စစ်တိုက်မယ်ဆိုရင်
အရင်ကလို နှစ်နှစ်ရာမလိုဘူး ရက် နှစ်ဆယ် ဆိုရင်တောင် လုံလောက်တယ်
စစ်ဘေးဒဏ်ခံရမယ်
အားကိုးရာဘာသာကို ရှာကြမယ်
အင်တာနတ်ခေတ်ဆိုတော့ ရှာရတာလွယ်ကူတယ်
ကိုးကွယ်သင့်တဲ့ဘာသာတခု တွေ့ မယ်
လူတွေကဘယ်လောက်ပဲ ငြိမ်းချမ်းရေးယူပါစေ
ဘယ်အဖွဲ့ အစည်းပဲ တားဆီးပါစေ
ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးတာနဲ
စစ်ကတော့ ရာနုန်းပြည့်ဖြစ်ကိုဖြစ်လိမ့်မယ်
ဘာဖြစ်လို့ လည်းဆိုတော့
အကုသိုလ်များပြီး လူတွေက ပြောင်းပြန်မြင်နေကြလို့ ပဲ
လူတွေကမဖန်တီးရင်
နတ်တွေကဖန်တီးလိမ့်မယ်
ဗုဒ္ဓဘာသာဝင်တွေ
လက်ရှောင်နေဖို့ လိုတယ်
အရာရာဟာ
ဗုဒ္ဓဘာသာထွန်းကားဖို့ 
အကြောင်းတရာပါလို့  ပြောရင်
ဘယ်သူမှတော့ ယုံမယ်မထင်ဘူး
ဒါပေမဲ့
စောင်းကြည့်လိုက်ပါ
မကြာခင်မှာ
တွေ့ ရပါလိမ့်မယ်
စစ်ဖြစ်ရင်တော့
ကမ္ဘာမလောင် သားကောင်ချနင်းတဲ့
နိုင်ငံတိုင်းမှာလည်း
အနည်းနဲ့ အများတော့
ဂယက်ရိုက်တာ ခံရမှာပါ
ဘုရား တရားကြိုလုပ်ထားခြင်းဖြငိ့
ကာကွယ်နိုင်ကြပါစေလို့ 
တောင်းဆုခြွေပါတယ်

ဦးမြင့်ခိုင်
Powered by Blogger.