အလုပ်မဟုတ်တာကို အလုပ်လို့ မထင်ပါနဲ့ 

တစ်ခါတုန်းက လူစ်ယောက်ဟာ တောင်ကုန်းလေးတစ်ခုပေါ်ကနေ ကျွဲရိုင်းတစ်အုပ် ကျက်စားနေတာကို လှမ်းပြီး မျှော်ကြည့်နေပါတယ်။ ဒါကိုအခြားသူတစ်ယောက်က မြင်တော့
ဟေ့လူ ခင်ဗျား ဒီမှာ ဘာထိုင်လုပ်နေတာလည်းလို့ မေးပါတယ်။ 

ဒီတော့ ထိုင်နေတဲ့သူက ဟောဟိုးမှာ မြင်နေရတဲ့ ကျွဲအုပ်ကြီးက သူ့ ရဲ့ကျွဲ အုပ်ကြီး ဖြစ်ကြောင်း၊ နေ့ စဉ် ယခုလို အချိန်တိုင်း ဒီနေရာလေးမှာ လာပြီး ကျွဲကျောင်းနေရကြောင်း၊ ခု
လိုကျွဲကျောင်းရတာကိုလည်း ညည်းငွေ့ လာပြီး ဖြစ်ကြောင်း ယုံနိုင်အောင်လို့ ဇာတ်လမ်းဆင် ပြောလိုက်ပါတယ်။ ဒါကို ဟိုလူကလည်း ယုံတာပါပဲ။

ဒါနဲ့  ဆက်ပြောလိုက်ပါတယ်။ ကျူပ်ဒီကျွဲတွေကို ရောင်းချင်နေတာဗျ။ ခင်ဗျားသာ ၀ယ်မယ်ဆိုရင် ကျွဲအုပ်ကြီးရဲ့ အကောင်ရေ တစ်ဝက်ခပဲ ကျုပ်က ယူမှာပါ။ ကျန်တစ်ဝက်ခကို
လျှော့ပေးလိုက်မယ်လို့ ပြောလိုက်ပါတယ်။

နားထောင်နေတဲ့ လူဟာ ဒီစကားလည်း ကြားရော မျက်လုံးတွေ အရောင်တောက်သွားတာပေါ့။ မနည်းကြီး သူက အမြတ်ရမှာကိုးဗျ။ ဒါနဲ့  အဲ့လိုဆို ကျုပ်ခုပဲ ၀ယ်လိုက်တော့မယ်ဗျာ၊
အချိန်စောင့်မနေတော့ဘူး၊ ခုပဲ ရောင်းပါတော့ ဆိုပြီး အရောင်းအ၀ယ်ဖြစ်သွားပါတယ်။

လူလိမ်ကလည်း ရောင်းပြီးတာနဲ့  ထိုနေရာကနေ ချက်ချင်းဆိုသလို သုတ်ခြေတင် ထွက်သွားပါတော့တယ်။ ကျန်ခဲ့သူကတော့ ပီတိအပြုံးတွေနဲ့  ကျွဲအုပ်ကြီးကို ညနေမိုးချုပ်တဲ့ထိ
ဆက်ကျောင်းပြီး ကျန်ခဲ့တာပေါ့။ ပြဿနာက အဲ့ကျမှ စတော့တာပါပဲ။

ကျွဲတွေကို အိမ်ကို မောင်းသွားမယ်ဆိုပြီး တောင်ကုန်းလေးပေါ်ကဆင်း၊ ကျွဲအုပ်ရှိရာကို အပြေးလာပါတော့တယ်။ ကျွဲရိုင်းတွေ ဖြစ်တဲ့အတွက် ဘယ်လို ချည်တိုင်ကို ပြန်မောင်းလို
့ရပါ့မလဲ။ ကျွဲတွေက ဟိုးပြေးဒီပြေးပေါ့။ နောက်တော့ ကျွဲရိုင်းတွေကို ၀ယ်မိလိုက်တဲ့ လူဟာ ကျွဲရိုင်းတွေ ၀ိုင်းခတ်လို့ သေတဲ့ထိ ဖြစ်သွားပါတော့တယ်။

ဒီပုံပြင်လေးထဲမှာ ယူစရာ သာဓက ၂ ခုရှိပါတယ်။ ပထမ တစ်ခုက အငြိမ်မနေပဲ ကိုယ့်ထမင်းကိုစားပြီး ဂျီးဒေါ်နွားကျောင်းဆိုသလို အလုပ်မဟုတ်တာကို အလုပ်ထင်ပြီး လိုက်လုပ်
ကြတဲ့ သူတွေရဲ့ ဘ၀နိဂုံးဟာ မလှနိုင်ဘူးဆိုတာလေးပါ။ နောက်တစ်ချက်က ယနေ့ လောကမှာ သူများပါးစပ်တင် လမ်းဆုံးသွားတတ်ကြတဲ့ သူတွေကို သင်ခန်းစာပေးထားတာပါ။
သင်ခန်းစာယူပြီး ဘ၀ကို အေးချမ်းစွာ တည်ဆောက်နိုင်ကြပါလို့  အကြံပေးပါရစေ။

True Man
Powered by Blogger.