သောက အမောများ ဖြေ ဖျောက်ဖို့


မြို့ပြလူနေမှု ဘဝပုံစံဟာ လှောင်အိမ်အတွင်းက ငှက်ငယ်လို ကျပ်တည်း ကျဉ်းမြောင်းတဲ့ မိမိရဲ့ အခန်းငယ်လေး အတွင်းမှာ ဘဝကို လှုပ်ရှားရုန်း ကန်ရင်း တင်းတိမ်ရောင့်ရဲစွာ နေထိုင် ရင်ဆိုင် နေကြရတယ်။ ဒီလိုမြို့ပြမှာ နေထိုင်တဲ့ သူတွေဟာ ခေါင်းကိုက်၊ ဇက်ကြောထိုး အစရှိတဲ့ ဝေဒနာ အသေးအမွှားလေးတွေက အစ သွေးတိုး၊ဆီးချို၊ နှလုံး အစရှိတဲ့ ရော ဂါ ဝေဒနာတွေကိုပါ ခံစားနေကြရတယ်။ ဒီရောဂါတွေ ဖြစ်ပွားရတဲ့ အဓိက အခြေခံ အကြောင်းကတော့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြို့ပြ နေထိုင်သူတွေရဲ့ ဘဝနေထိုင်မှုပုံစံ (Lifestyle) ကတော့ သူတို့နေ့စဉ် နေထိုင်သွားလာ လှုပ်ရှားရုန်းကန်ရင်း တွေ့ကြုံနေရတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ စိတ်အနှောင့် အယှက် ဖြစ်စရာတွေ၊ လုပ်ငန်းခွင် အဆင်မပြေမှုတွေ၊ အိမ်တွင်းရေး ပြဿနာတွေ၊ နေ့စဉ်ကြုံတွေ့ နေရပါတယ်။ ဒီအကြောင်းအရာတွေကို နေ့စဉ်တွေ့မြင် ကြားသိနေမှုတွေက မိမိရဲ့ ဦးနှောက်ကို ပေးပို့ခံစားရမယ်။ အဲဒီကမှ အာရုံကြော ကြွက်သားတွေ တောင့်တင်းလာမယ်။ ဒီလိုအာရုံကြော ကြွက်သားတွေ တောင့်တင်းလာရင်တော့ နေ့စဉ်နာရီဝက်လောက် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး စတာတွေကို လုပ်ရမယ်။ ဒီလိုမလုပ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ထက်ဝက်မက ဖြေဖျောက်ပေးရမယ်။ အိပ်ရာဝင်ချိန်မှာ ဘယ်လိုအမှု ကိစ္စကိုမှ စဉ်းစားတာမျိုး မလုပ်သင့်ဘူး။ ပတ်ဝန်းကျင်ကို ကြည့်ရင် စိတ်ညစ်စရာ၊ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နေတယ်။ နေ့စဉ်လမ်းပေါ်မှာ ဆူညံသံတွေ ဖြစ်နေတယ်။ လူသားတွေဟာ တဒင်္ဂစိတ် အမောပြေစေဖို့ မိမိကြိုက် နှစ်သက်ရာ ကက်ဆက်၊ တီဗွီ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ကြပေမယ့် စိတ်ကို ကြည်လင်အောင် ကစားခြင်း၊ ဘော်လီဘော ကစားခြင်း၊ ရေကူးခြင်း၊ အားလပ်ရက်မှာ အပန်းဖြေ ခရီးထွက်ခြင်းတို့ လုပ်လာကြတာ တွေ့ရပါတယ်။ နေ့စဉ်မိမိကြုံတွေ့ ခံစားနေရတဲ့ အဆင်မပြေမှုတွေကို စာရွက်တစ်ခုပေါ် ချရေးပြီး တစ်ခုချင်း ပြုပြင်ယူသင့်တယ်။ ဥပမာ- ရထား နောက်ကျတာကို စိတ်ဖိစီးမှုဖြစ်ရင် ကားနဲ့မီအောင်သွားမယ်။ သားမောင်ကို စာဖတ်ဖို့၊ စည်းရုံးမယ် စသည်ဖြင့် ပေါ့လေ။ လုပ်ငန်းခွင်မှာလည်း အထက်လူကြီးနဲ့ အဆင်ပြေရဲ့လား။ လုပ်ငန်းခွင်မှာ ပျော်မွေ့ရဲ့လား စသည်ဖြင့် အလုပ်အပေါ် စစ်တမ်း ထုတ်သင့်တယ်။ ကိုယ့်အကျိုး၊ အများအကျိုး တစ်ခုမှ မဖြစ်ရင်တော့ အလုပ်ထွက်သင့်ရင် ထွက်ရမယ်။

လုပ်ငန်းအသစ် ရှာသင့်ရင်ရှာရမယ်။ မိမိနေအိမ်မှာလည်း ပျော်ရွှင်ချမ်းမြေ့အောင် ဆောင်ရွက် ရမယ်။ စိတ်စနိုးစနောင့် ဖြစ်ရမယ့် အခြေခံကိစ္စ ဥပမာ- သားကြီး အရက်သောက် တာကို ပြုပြင်ယူရမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်အောင် စာကြိုးစားဖို့ ဆုံးမတာ မှန်ပေမယ့် စာမလိုက်နိုင် အမှတ်နည်းလို့ ဝင်ခွင့်ဆုံးရှုံးရရင်လည်း အခြားဖက်မှာ ထူးချွန်အောင် လုပ်ပေး ရမယ်။
#PannPwint
Powered by Blogger.